>>>>>>><<<<<<<

လက်ရုံးယခုအိမ်ရှေ့ကွစ်ပျစ်ပေါ် ၀င်ထိုင်နေခြင်းဖြစ်သည်။ညနေက အလုပ်က အလုပ်သမားနည်းသောကြောင့် အတော်နှင့် ပြန်မလာနိုင်ပေ။
ပြန်လာတော့လည်း ဟိုလူ့ကို မတွေ့မိ။
အမေ့မေးကြည့်ကာမှ နေ့ခင်းကမှနိုးသည်တဲ့ ဒီလူ ပင်ပန်းသွားပုံရသည်။လက်ရုံးလည်း ပင်ပန်းနေမည်ဟုထင်သောကြောင့် သွားပင်မတွေ့မိ။မနေ့ကလဲ သူ့ကားကြီးနှင် လက်ရုံးကိုရွှံ့ဗွက်တွေစင်အောင် လုပ်သွားသည် မဟုတ်ပါလား။

"ဒီမှာ မင်း ဘာလုပ်နေတာလဲ"

နှိုင်းယနေ့မနက်ဆယ့်တစ်နာရီထိပင် အိပ်ထားသောကြောင့် တော်တော်နှင့် အိပ်မပျော်။ထို့ကြောင့် အောက်ဆင်းလာခြင်း။အိမ်ရှေ့ကထိုကောင်လေးကိုမြင်၍ အပြင်ထွက်လာမိသည်။နှိုင်းကသာမေးနေတာ ဘာမှပြန်မပြောပဲ သူ့ကိုယ်ကြီးကို ဟိုဘက်ကို ရွှေ့ပေးသည်။သဘောက နှိုင်းကို သူနှင့်အတူ လာထိုင်ပါပေါ့။နှိုင်းကပဲ သူ့ဘေး၀င်ထိုင်ပြီး

"ဟို ..ငါအိပ်မပျော်လို့"

"အင်း"

ဒီကောင်လေးက တေမိများလား။အမှန်ဆို နှိုင်းကဧည့်သည်လေ ဖော်ဖော်ရွေရွေ ဆက်ဆံသင့်သည် မဟုတ်ပါလား။

"မင်းက အိမ်ရှေ့ကို ဘာလို့ထွက်ထိုင်နေတာလဲ"

"ပူလို့လေ ခင်ဗျား ဗိုက်ဆာနေလား"

ဟုတ်ပါသည်။နှိုင်းနေ့ခင်းက ဒေါ်ဒေါ်ကျွေးသည့် ထမင်းကလွဲပြီး ဘာမှမစားရသေး၍ အတော်ပင်ဆာနေပြီဖြစ်သည်။ဒီလိုတော့လဲ ဘယ်ဆိုးလို့လဲ။နှိုင်းကိုသာမကြည့်တာ နှိုင်းဗိုက်ဆာနေတာတော့ သူသိသည်မို့ မဆိုးဘူး။

"ထမင်းစားမလား"

"ဟို ဒီအချိန်ကြီးငါ ထမင်းမစားချင်ဘူး"

ညရှစ်နာရီထိုးလုပင် ဖြစ်နေသည်မို့ နှိုင်းထမင်းတော့ မစားချင်တော့။အိမ်မှာလည်း မိမိဗိုက်ဆာလျှင် အဆာပြေမုန့်များသာစားသည်။မဟုတ်လျှင် ဝိတ်တတ်လာနိုင်သည်။နှိုင်း ဝိတ်တော့မတတ်ချင်။တစ်သတ်လုံး ယခုကဲ့သို့ ချပ်ချပ်ရပ်ရပ်နှင့် မော်ဒယ်ခန္ဓာကိုယ်ပဲ ဖြစ်ချင်ပါသည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now