"ဟုတ် ကျွန်တော် မပင်ပန်းပါဘူး"

"ဟုတ်ပါပြီကွယ်။"

လက်ရုံး ယနေ့ မိမိတို့ယာခင်း သီးနှံရိတ်သိမ်းချိန်ဖြစ်၍ မိမိလည်း ဝိုင်းကူလုပ်ခြင်းဖြစ်သည်။ လက်ရုံးတို့တွင် မိမိတို့အပိုင် လယ်အကန့်တွေရော ဝေစုလုပ်ကိုင်သော အကန့်တွေရောမို့ သီးနှံစိုက်ပျိုးချိန်ဆိုဆို၊ရိတ်သိမ်းချိန်ဆိုဆို အားသွန်ခွန်စိုက်လုပ်ကာမှ မလွဲမချော်တာဖြစ်သည်။လက်တစ်သစ်‌လေးနောက်ကျသည်ဖြစ်စေ၊စောသွားသည်ဖြစ်စေ သီးနှံများထင်သလောက်မဖြစ်ထွန်းသလို ၊ထင်သလောက်လည်း အထွက်မတိုးသည်မို့ အတော်ဂရုတစိုက်ရှိရပေသည်။ လက်ရှိ မိမိတို့ပိုင်ဆိုင်သောအကန့်များသည်လည်း လက်ရုံးဖခင် ဝေစုလုပ်ကိုင်သော ပိုင်ရှင်ဦးမာန်ရှိန်ဟုန်မှ အပြီးအပိုင်ပေးလိုက်သော ယာကွက်များပင်ဖြစ်သည်။

များပြားလှသော ယာကွက်များကို စိုက်ပျိုးချိန်၊ရိတ်သိမ်းချိန် အချိန်တိုင်းတွင် ရွာထဲမှအလုပ်သမားအများအပြားချရပေသည်။လက်ရုံးကတော့ စာရင်းကိုင်ရုံ ကြီးကြပ်ပေးရုံနှင့် ရသော်လည်း မိမိဗီဇအရ နိုင်သလောက်ကူညီပေးချင်သည်မို့ ယခုလည်း လာကူခြင်းဖြစ်ပေသည်။လက်ရုံးနှင့်အတူ အလုပ်လုပ်နေသော အလုပ်သမားများ၏ ညာသံများသည် တစ်တောတစ်တောင်လုံးအနှံ့ ပျံ့နှံ့လျက်ပင်။အဆိုဝါသနာပါလှသော အဆိုရှင်များကလည်း သီချင်းတအေးအေး ။အချို့အမျိုးသမီးအလုပ်သမလေးများကလည်း စကားတပြောပြော ။နေပူလှသော်လည်း နေကိုမမှုသည့် အချိန်တွေ။

ယခု နေပင်ခေါင်းပေါ်တည့်တည့်ရောက်နေချိန်ဖြစ်၍ အလုပ်သမားများ နေ့ခင်းနားချိန်ဖြစ်သည်။မိမိတို့ ထမင်းချိုင့်ကိုယ်စီနှင့် လာကြရသည်ဖြစ်၍ ဟင်းများသည်လည်း တစ်ယောက်တစ်မျိုးနှင့် အမျိုးစုံလင်လှပေသည်။လက်ရုံးကတော့ အိမ်ပြန်စားမည်ဟု အမေ့ကို ပြောခဲ့သောကြောင့် ထမင်းချိုင့်မပါ။

ထိုစဉ် အရီး‌ တင်စိန်က
"လက်ရုံး လူလေး လာ ထမင်းစားရအောင်ကွဲ့ "

"အရီးရေ ကျွန်တော် အမေ့ကို အိမ်ပြန်စားမယ်ပြောခဲ့တာ ထမင်းချိုင့်တောင် ပါမလာဘူးဗျ"

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now