Extra (1) - ဆောင်းဦးပေါက်ပွဲတော်

Start from the beginning
                                    

သူ့ကိုကြည့်နေတဲ့ လူတွေတောင်မှ တောက်ပတဲ့ လကို ကြည့်ဖို့ သူ့အကြည့်နောက်ကို မလိုက်ပဲ မနေနိုင်ကြတော့။

အားလုံးက လကို လိုက်ကြည့်နေကြတဲ့ အချိန်မှာပဲ အနီရောင် ဝတ်ထားသော အမျိုးသားသည် သူ့အကြည့်ကို ဆုတ်ခွာလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ရယ်မောပြီး ကျောက်စိမ်း တူတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ပျင်းရိစွာနဲ့ လက်ချောင်းများဖြင့် ဆော့ကစားလိုက်၏။

သူ့ဘေးက စားပွဲသေးသေးလေးပေါ်မှာတော့ အရက်ကြမ်းတစ်ပုလင်း၊ ဝိုင်နှစ်ပုလင်း၊ မြေပဲပန်းကန်သေးသေးတစ်လုံးနဲ့ နောက်ထပ် ကျောက်စိမ်းတူ တစ်စုံ ရှိနေသည်။ အနီရောင် ဝတ်ထားသော အမျိုးသားသည် လက်ထဲက တူကို ဆော့ကစားနေရင်းဖြင့်ပင် နောက်ကို ပြန်မှီလိုက်သည်။ ထို့နောက် ရုတ်တရက် လည်ချောင်းကို ရှင်းထုတ်ပြီး ကြည်လင် ငြိမ့်ညောင်းသော အသံဖြင့် သီချင်းတစ်ပုဒ် စတင် သီဆိုလိုက်၏။

သူ့တူက စားပွဲပေါ်သို့ ခပ်ဖွဖွ ခေါက်နေပြီး မျက်လုံးများကို တစ်ဝက် မှေးမှိတ်ထားကာ ကျယ်လောင်ပြီး လွတ်လပ်ပေါ့ပါးသော အသံဖြင့် သီဆိုနေသည်။

"မဟာ အရှင်သခင် ယွီရှောင်းက ငွေရောင် မီးတိုင်အောက်မှာ ရောင်ပြန်ဟပ်ရင်း စွဲမက်ဖွယ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုနေလေရဲ့...သီချင်းထဲက မူးရစ်ခြင်းတွေ, ဘယ်သူများ နောင်တရနိုင်မှာလဲ? သီချင်းလေး ပြီးဆုံးသွားရင်တောင် ဝိုင်အရသာကတော့ ကျန်ရစ်နေမှာပဲ...."

သူက ဝိုင်တွေ အများကြီး သောက်ထားတာ ဖြစ်လိမ့်မည်။ သူ့အသံက ပျင်းရိငြီးငွေ့ပြီး ယစ်မူးမှုအပြည့် ဖြစ်နေသည်။ လေသံက မရှင်းမလင်းဖြစ်နေပြီး လူတိုင်းရဲ့နားကို တိုက်နေတဲ့ အဖြူရောင် အမွေးသေးသေးလေးလိုပင်။

ထိုသူတို့အား စိတ်လှုပ်ရှားစွာ ရူးသွပ်စေ၏။

"နွေဦးရာသီက တိတ်ဆိတ်နေပြီး ညက တုံ့ဆိုင်းနေတယ်။ ချူနန်းတော်က ပိယွင်ထျန်းနဲ့ ဝေးကွာလှလေတယ်။ ဒါပေမယ့် အိပ်မက်ဝိညာဉ်က အငမ်းမရဖြစ်နေပြီး ရှဲ့တံတားကိုဖြတ်ဖို့ ပေါ့ပလာပန်းတွေပေါ် တက်နင်းခဲ့လေတယ်..."

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now