Extra (1) - ဆောင်းဦးပေါက်ပွဲတော်

Start from the beginning
                                    

"ကောင်းတယ်!"

"အံ့ဖွယ်ရာပဲ!"

"ခမ်းနားလိုက်တဲ့ မြင်ကွင်းပဲ!"

ဒီလို စိတ်လှုပ်ရှားစွာ အော်ဟစ်နေတာက ဘယ်သူလဲဆိုတာ ပြောဖို့ခက်လှသည်။ ရန်ကျင်းသည် မြစ်လယ်ရှိ လှေငယ်လေးကို ကြည့်လိုက်လေသည် ။ လှေထဲရှိလူကို မြင်သောအခါ ဝမ်းသာအားရဖြင့် နဖူးတွန့်သွားသည်။

ထိုလှေငယ်လေးပေါ်တွင် ထိုင်နေသူမှာ မှင်ရောင်လို မည်းမှောင်နေသည့် ဆံနွယ်များရှိပြီး သူ့မျက်နှာပေါ်တွင် ကျောက်စိမ်းမျက်နှာဖုံး တစ်ခြမ်းကို ဖုံးအုပ်ထားကာ နူးညံ့သော မေးစေ့ကိုသာ မြင်ရနိုင်သည်။ သူက နီညိုရောင် အပေါ်ထပ်အား သူ့ကိုယ်ပေါ်မှာ လျော့ရဲရဲ ဝတ်ဆင်ထားပြီး ခါးပတ်ကိုလည်း ဖြည်ထားသည်။ ထို့အပြင် ပျင်းရိငြီးငွေ့နေသည့် ကိုယ်ဟန်အမူအရာဖြင့် ထိုင်၍ ခြေတစ်ဖက်ကို ဆန့်တန်းထားပြီး ကျန်တစ်ဖက်ကိုဝတ်ရုံအောက်မှာ ဖုံးကွယ်ထား၏။

သူ့လှေသည် ကမ်းစပ်တွင် ဆိုက်ကပ်ထားသည့် အပျော် လှေနှစ်စင်းနှင့်အတူ လွင့်မျောနေသည်။ လှေများပေါ်ရှိ သခင်လေး များစွာသည် သူ၏တစ်ခြမ်းဖုံးကွယ်နေသော မျက်နှာကိုသာ မြင်နေရတာတောင် သူတို့၏နှလုံးသားများ ယားယံလာလေသည်။ သူတို့သည် ကုန်းပတ်ကို မှီ၍ စကားပြောရန် ကြိုးစားကြသည်။ ထိုအချိန်တွင် အခြားသော ရဲရင့်သည့် မိန်းမပျိုများကဆို သူဆီ ပိုးသား ပန်းများ ပစ်ပေါက်နေကြသည်။

သို့သော်လည်း ပိုးသား ပန်းပွင့်များက အလွန်ပေါ့ပါးလှ၏။ လေတစ်ချက် ဝေ့တိုက်လိုက်တာနဲ့တင် လှေပေါ်သို့ မရောက်ပဲ ရေထဲသို့သာ ကျကုန်၏။

အနီဝတ်နဲ့လူကတော့ သူ့ဘေးက စိတ်လှုပ်ရှားစရာများအားလုံးကို လစ်လျူရှုထားသည်။ ထိုလူများက သူ့အာရုံကို ရဖို့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ သူက လက်တစ်ဖက်ပေါ် မေးကိုတင်လို့ ပျင်းရိစွာ အနားယူနေရင်း ကောင်းကင်ပေါ်က တောက်ပသည့် လဝန်းကြီးကိုသာ ကြည့်နေလေသည်။

သူ့မျက်လုံးတွေက စူးစိုက်ပြီး အာရုံစိုက်နေသည်မှာ အဖိုးဖြတ်မရတဲ့ ရတနာတစ်ပါးကို ကြည့်နေသကဲ့သို့

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now