Extra (1) - ဆောင်းဦးပေါက်ပွဲတော်

Start from the beginning
                                    

သူက အမြဲတမ်း ထူးထူးခြားခြား ထွက်ပေါ်နေခြင်းနဲ့ အသားကျနေပြီပဲလေ

ရန်ကျင်းက ကျင့်ကြံရေး နယ်မြေမှာ မွေးဖွားလာခြင်း ဖြစ်ပေမယ့် သူ့ရဲ့ ငယ်စဉ်ကလေး ကမ္ဘာက နိမ့်ကျပြီး မှုန်မှိုင်းခဲ့သည်။ဒီလို တက်ကြွပြီး အလုပ်များတဲ့ ပွဲတော်တွေ ရောက်လာတဲ့အခါ ရန်ကျင်း အငယ်လေးက သူတို့ကို ရှောင်တတ်လာသည်လေ။

ရှန်ကျစ်ရှန်းနဲ့ တွေ့ဆုံပြီး နောက်ပိုင်းမှသာ သူ့ကမ္ဘာငယ်လေးက အလင်းတွေ အရောင်တွေ တစ်ဖြည်းဖြည်း တောက်ပလာရခြင်းပင်။

ရှန်ကျစ်ရှန်းကတော့ ငယ်ငယ်တုန်းကတည်းက ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ရတာကို နှစ်သက်ခဲ့သည်။ နာမကျန်း ဖြစ်ပြီးနောက်မှသာ အကြောင်းအမျိုးမျိုးကြောင့် တိတ်ဆိတ်မှုကို နှစ်သက်လာ၏။ ယခု သူ က ရန်ကျင်းနှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီး အရာအားလုံး ကောင်းမွန်စွာ လည်ပတ်နေသဖြင့် သူ၏ ငယ်ရွယ်နုပျိုသော စိတ်ဓာတ်သည် တဖြည်းဖြည်းနှင့် တရွေ့ရွေ့ ပြန်လာနေပုံရသည်။

ရန်ကျင်း၏ နားထဲသို့ အသံမျိုးစုံ ဝင်နေသော်လည်း သူကတော့ မကြားသလိုသာ ရှိနေသည်။ သူက တည်ငြိမ်စွာ လှည့်ပတ်ကြည့်နေသည်။ ခဏအကြာမှာတော့ အလွန်သက်ဝင်လွန်းလှသည့် နေရာကို မြင်လိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက်မှာ ထိုနေရာသို့ မဆိုင်းမတွ လျှောက်သွားလိုက်တော့လေသည်။

ရှန်ကျစ်ရှန်းသည် တောင်များနှင့် မြစ်များကို နှစ်သက်သည်။ သူရွေးချယ်သောနေရာသည် တောင်တန်းများဘေးရှိ ရေပေါ်မြို့လေးတစ်မြို့ ဖြစ်သည်။ ရန်ကျင်းသည် စည်းမျဉ်းများကို လိုက်နာပြီး မှော်အတတ်ကို မသုံးဘဲ လူစုလူဝေးကို ဖြတ်လျှောက်သွားခဲ့၏။ မြင်ကွင်းထဲ ဝင်လာသည်က ကျယ်ပြောလှသော မြစ်တစ်စင်းပင်။

ကြယ်ရောင်တောက်နေသော ကောင်းကင်နှင့် ကမ္ဘာကြီး၏ တောက်ပသောအလင်းရောင်များသည် ရေထဲတွင် ရောင်ပြန်ဟပ်နေသည်။ အရောင်အသွေးစုံသော မျက်နှာပြင်များကြားတွင် အပျော်လှေငယ်အချို့ မျောလွင့်နေလေသည်။

ရှန်ကျစ်ရှန်းသည် သူ့ကို ဤအပျော်စီးသင်္ဘောများအား ဟိုးတုန်းက ပြသခဲ့ဖူးသည်။ သို့သော် ယနေ့ည၏ အသက်ဝင်မှုကို ဖြစ်စေသော အရာများသည်တော့ ဤအပျော်စီးလှေများမှ ဖြစ်ပုံမပေါ်ပေ။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now