Chapter(71-2) - ဂိုဏ်းချုပ်

Start from the beginning
                                    

ကျန်သည့် တစ်ခြားအကြီးအကဲများအားလုံးအပြင် တစ်ခြားလူအုပ်လိုက်ကြီးလည်း ရှိနေကာ သူယုံကြည်ရသော လက်ထောက်များနှင့် ဂိုဏ်းချုပ်ဝန်၏ လူများပါ ရှိနေသည်။

လူတိုင်း ရောက်နေကြတာ။

မရေမတွက်နိုင်တဲ့ မျက်လုံးများက သူကို တင်းမာစွာ စိုက်ကြည့်နေကြပြီး မြင်ကွင်းက သည်းမခံနိုင်စရာပဲ

စတုတ္ထအကြီးအကဲက သွားကိုစိကာ အံတင်းတင်းကြိတ်လိုက်ပြီး သူ့ဓားကို မြှောက်လိုက်သည်။

"စုန့်မင်း! ကျေးဇူးကန်းတဲ့ လူယုတ်မာကောင်! စီနီယာအစ်ကိုကြီးဝန်က မင်းကို ဘယ်လောက်တောင် ယုံကြည်လိုက်လဲ အဲ့ဒါကို ဒီလိုအရာမျိုး လုပ်ရက်တယ်!"

ဓားဖြင့် အညွှန်ခံလိုက်ရပြီးနောက်မှာ စုန့်မင်း၏ နှလုံးသားသည် အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့လေသည်။ သူက ပတ်ပတ်လည်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ရှန်ကျစ်ရှန်းအား မမြင်တာကြောင့် သဘာဝမကျစွာ ပြုံးလိုက်၏။

"ငါ့ရဲ့ ကောင်းမွန်လှတဲ့ ဂျူနီယာညီလေးက ဘယ်မှာလဲ? ဘာလို့ သူ မပေါ်လာရတာလဲ?"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ စုန့်မင်းက ဆက်ပြီး မဖုန်းကွယ်တော့ပေ။ သူ့မျက်လုံးထဲက မထီမဲ့မြင်ပြုခြင်းက မြင်သာထင်သာ ရှိလောက်အောင် ထူထပ်နေခဲ့သည်။

"ဒီလို လှည့်ကွက်မျိုး ငါ့အပေါ် လုပ်တာ ကိုယ့်ကိုကိုယ် အရမ်း ဉာဏ်ကောင်းနေပြီလို့ ထင်နေလား? ဒီခုံမှာ ငါထိုင်နေတာ နှစ်ပေါင်းများစွာ ဖြစ်နေပြီ။ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖြူတ်ချလို့ ရမယ်လို့ ထင်နေတာလား?"

သူက စူးရှစွာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး!"

စုန့်မင်းက တစ်စုံတစ်ခုအား ဆက်ရွတ်နေရင်း ကောင်းကင်ကြီးက ရုတ်တရက် အမှောင်ကျသွားခဲ့ကာ သူ့လက်ချောင်းများက ဂါထာတစ်ပုဒ်အား အမြန်အဆန် ဆွဲလိုက်သည်။ ထို့နောက် သူ့ရှေ့မှာ အတားအဆီးတစ်ခု ပေါ်လာပြီးသူနဲ့ စတုတ္ထအကြီးအကဲ၏ဓားအား ခွဲထုတ်လိုက်၏။ သူက ဂါထာအား ရွတ်နေရင်းဖြင့် ကမန်းကတန်း နောက်ကို သွားရင်း စုန့်ထန်ခန်းမထဲ ဆုတ်ဖို့ စဉ်းစားလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now