Chapter(71-1) - ဂိုဏ်းချုပ်

Start from the beginning
                                    

ရှန်ကျစ်ရှန်းက သက်ပြင်းချမိသည်။

ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေကို သင့်မြတ်အောင် လုပ်ပေးဖို့က တော်တော်လေး ခက်ခဲတယ်

သူ့အတွေးများက ပျံ့လွင့်လာပြီး ရန်ကျင်းအကြောင်း တစ်ဖန် တွေးမိပြန်သည်။

ဒီအချိန်မှာ ရန်ကျင်းက စွန့်ပစ်မြေထဲမှာသာ ရှိနေသေးသည်။ သူက မွေးရာပါ စေတန်နတ်ဆိုး တစ်ပါး ဖြစ်သော်လည်း သူ့အပေါ်မှာ ရှန်ကျစ်ရှန်းထားခဲ့သည့် ချိတ်ပိတ်မှုက မကြာသေးခင်ကပင် ဖယ်ရှားခံလိုက်ရသည်လေ။ သူ့အခြေအနေက မတည်မငြိမ်ဖြစ်ပြီး ရံဖန်ရံခါဆို ထိန်းချုပ်မှု ဆုံးရှုံးနေခဲ့တာ။ ဒါက လူတွေကို နာကျင်အောင် လုပ်မိစေနိုင်ပြီး သူ့ကိုယ်သူ နာကျင်အောင် လုပ်ဖို့လည်း လွယ်ကူနေတယ်

ထို့ကြောင့်လည်း ရန်ကျင်းက သူ့ကိုယ်သူ ဒေါသထိန်းနိုင်ရန်နှင့် စွန့်ပစ်မြေထဲက သတ္တဝါများအား ဖြေရှင်းနိုင်ရန် စွန့်ပစ်မြေမှာ ခဏ ဆက်နေနေခြင်းသာ။

အတိတ်ဘဝတုန်းကလည်း ဒါကို လုပ်ဘူးတာကြောင့် အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ သို့ပေမယ့်လည်း ထိုနတ်ဆိုးများနဲ့ မကောင်းဆိုးဝါးများက ကျင့်ကြံသူများထက်စာရင် ပိုပြီး ရိုးရှင်းသူများပင်။ ရန်ကျင်းအနေနဲ့ သူတို့ကို နှိမ်နင်းရန် မခက်ခဲဘူးလေ။ တိုက်ခိုက်တာ ပြီးပြီ ဆိုတာနဲ့ ပြီးပြီပဲ။ ဒါ့အပြင် ရန်ကျင်းကလည်း တိုက်ခိုက်တဲ့နေရာမှာ အတော်ဆုံး ဖြစ်နေသေးသည်။

စွန့်ပစ်မြေအတွင်းမှ ထွက်ခွာဖို့ တစ်ခုတည်းသော နည်းလမ်းက ပင်လယ်နက်ကို ဖြတ်ကျော်ရခြင်းပင်။ အခုချိန်မှာ ရန်ကျင်းက ပင်လယ်နက်အား စောင့်ကြပ်နေပြီး ထွက်သွားလိုသူများကို ရက်စက်ကြမ်းကြုတ်သော ခွန်အားဖြင့် တွန်းထုတ်နေခဲ့သည်။

စွန့်ပစ်မြေထဲမှာ ရန်ကျင်းက အတွင်းမှ သတ္တဝါများကို တိုက်ခိုက်ပြီး ကြီးစွာသော ပရမ်းပတာ ဖန်တီးနေချိန်တွင် အပြင်ဘက်တွင်တော့ ကျင့်ကြံရေး သမားများနဲ့ နတ်ဆိုးများကလည်း အပြင်းအထန် တိုက်ခိုက်နေကြသည်။

ရှန်ကျစ်ရှန်းက စဉ်းစားလိုက်ပြီးနောက်မှာ မရေရာသော အတွေးတစ်ခု ပေါ်လာသည်

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now