Chapter(70-2) - Seventy

Start from the beginning
                                    

သို့သော်လည်း ချန်လျဲက နတ်ဆိုးနှင့် မိစ္ဆာများကို မုန်းတီးသူပင်။ သေးငယ်တဲ့ ဖြူကောင်မိစ္ဆာလေးကို မြင်လိုက်ရတာနဲ့ ချက်ချင်းပင် လက်ကို မြှောက်လိုက်သည်။

လူငယ်လေးက ခွင့်မပြုနိုင်ဘူးလေ။ သူ့မျက်လုံးများက ဖြတ်ခနဲ ဖြစ်သွားကာ ထိုလူ၏လက်မောင်းကို ဖက်ထားလိုက်သည်။

"နာကျင်အောင် မလုပ်ပါနဲ့!"

သူက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်တာကြောင့် ချန်လျဲမှာ သူ့လက်မောင်းကို ရုတ်တရက် ဖက်လိုက်သည်ကိုသာ ခံစားလိုက်ရသည်။ သူက လူငယ်လေးအား အေးစက်စက် ကြည့်လိုက်ကာ ဖြူကောင်သေးသေးလေးအား ဂရုမစိုက်တော့ပဲ လူငယ်လေးကိုသာ ခါထုတ်ပစ်လိုက်၏။

သူက အင်အားကို လုံးဝ ထိန်းမထားပေ။ တွန်းအားကြောင့် လူငယ်လေးက နောက်ပြန်လဲကျသွားပြီး ဖြူကောင်လေးရှေ့မှ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

သူ့လက်များက ကျောက်စရစ်ခဲပေါ်သို့ ထောက်မိကာ နာကျင်လှစွာ ပွတ်တိုက်မိသွား၏။ သို့သော်လည်း လူငယ်လေးက သာမာန်ကာလျှံကာပဲ လက်ကို မြှောက်လိုက်ပြီး သူ့ လက်ဖဝါးပေါ်မှ သဲများကို ပွတ်ချကာ သွေးအနည်းငယ်ကို သုတ်လိုက်သည်။

သူက ချန်လျဲအား လစ်လျူရှုလိုက်ပြီး ဖြူကောင်လေးအား လှည့်ကြည့်လိုက်သည်။

အကောင်ပေါက်လေးက အလွန်ကြောက်လန့်နေတာကြောင့် သူ့အဆူးချွန် အားလုံးကို အင်အားစိုက်ထုတ်ကာ လုံးထားပြီး အတွင်းထဲမှာ လှိမ့်ဝင်နေသည်။ သို့သော်လည်း သူက အလွန်သေးငယ်လွန်းတာကြောင့် အဆူးချွန်များက မမာကျောပေ။ ထိတွေ့ရသည်ပင် လုံးဝ နာကျင်မှု မရှိခဲ့။

အကယ်၍ အခြားမိစ္ဆာနှင့် ကြုံတွေ့ရပါက ဤသတ္တဝါငယ်လေးသည် သူ့ကိုယ်သူ ကာကွယ်ရန် မဖြစ်နိုင်ပေ။

လူငယ်လေးက ခဏလောက်ကြည့်ရင်း တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထို့နောက်သူက သူ့ခန္တာကိုယ်အား အကာအရံအနေဖြင့် သုံးလိုက်၍ သူ့လက်ချောင်းထိပ်လေးအား ဆတ်ခနဲ ခါလိုက်၏။ ဝမ့်ကွေပန်းလေး တစ်ပွင့်က သူ့လက်ဖျားထိပ်မှာ ပွင့်လာခဲ့ကာ ဖြူကောင်လေးအပေါ် ကျသွားလေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now