ဂဏာန်းနီလေး

468 38 0
                                    


"မယ်မယ်....စိတ်ချချင်တယ်နော် တိုင်းတာ"

"စိတ်ချပါ မယ်မယ်"

"ကောင်းပြီ သူငယ်ချင်းရဲ့မွေးနေ့ပွဲပြီးတာနဲ့ ချက်ချင်းပြန်လာမယ်မှလား။"

"မန္တလေးမှာ တစ်ပတ်လောက်တော့ နေရမယ်ထင်တယ် ....မယ်မယ် ခွင့်ပြုမယ်ဆိုရင်ပေါ့ဗျ....မန္တလေးမြို့ကို အလည်အပတ်ပို့ပေးပြီးဧည့်ခံကြိုဆိုချင်တယ်လို့ ဖိတ်ခေါ်ထားလို့ပါ မယ်မယ်."

"ဒါဆိုရင်တော့ မယ်မယ်က ခွင့်ပြုပါတယ်....သူများရဲ့ဧည့်၀တ်ပြုလိုတဲ့စေတနာကို အသိအမှတ်ပြုရမှာပေါ့။"

"ကျေးဇူးတင်ပါတယ် မယ်မယ်ဗျ။"

"မယ်မယ် ထပ်မှာမယ်နော်....'စိုင်းတိုင်းတာမြင့်မိုရ်' မန္တလေးမှာ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေတယ်‌ဆိုတာမျိုး မကြားချင်ဘူး....မယ်မယ်အကြောင်းကို မင်းကောင်းကောင်းသိပါတယ်နော်။"

"ကျွန်တော် သိပါတယ် မယ်မယ်"

"ကောင်းပြီ သွားပြင်ဆင်ချေတော့...."

"ခွင့်ပြုပါဦး...မယ်မယ်"

ထိုင်ခုံပေါ်‌ထိုင်နေသည့်မယ်မယ်၏ခြေရင်းနားကနေ အသာထပြီး ဒူးထောက်ကာအနောက်သို့ ဆုတ်လိုက်သည်။ အနည်းငယ်ဝေးသွားမှ ဖြည်းဖြည်းချင်းထပြီး ဟောခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

ထိုအမျိုးသားသည် စော်ဘွာမျိုးနွယ်ထဲမှ အချမ်းသာဆုံး ဦးစိုင်းနွမ်ဂျာ၏‌မြေး၊ ဒေါ်နန်းခမ်းနွယ်လှိုင်၏တစ်ဦးတည်းသောသား 'စိုင်းတိုင်းတာမြင်းမိုရ်' ဖြစ်သည်။

တည်ငြိမ်သောမျက်၀န်း၊ အေးချမ်းသောအသွင်အပြင်ဖြင့် ခြေလှမ်းဖွဖွဖြင့် ဥယာဉ်ထဲသို့ လျှောက်လှမ်းလာသည်။

အပြာရောင်ကတ္တီပါးပေါ်မှခြေဖမိုးသည် ဖြူနုကာ အကြောစိမ်းတွေကယှက်ပြေးနေသည်။ ဒါတင်မက ခြေချောင်းတို့ကရှည်ရှည်သွယ်သွယ်ဖြင့် ထိပ်ဖျားတို့က သွေးချေဥနေပမာနီရဲနေသည်။

ရှမ်း၀တ်စုံအသားရောင်အောက်မှာ ဖြူစင်ကြည်လင်နေသော အသားရည်နုနုသည် မွေးကတည်းက ခြေမွေးမီးမလောင်၊လက်မွေးမီးမလောင်နေခဲ့ရသူတစ်ဦးမှန်း သိသားစေသည်။ လက်ဖဝါးတို့ကလည်း အိကာ လက်ချောင်းတို့ကလည်း ပန်းရောင်သန်းနေပြန်သည်။

Oneshot Collections by NaykyarNgaWhere stories live. Discover now