ငါ့Crushကငါ့ကိုသဘောကျနေတာ

865 68 0
                                    

#Unicode

လွန်ခဲ့သော5နှစ်က.....

Marchလနွေရာသီအချိန်မှာ ​ပျင်းပျင်းနဲ့ အင်္ဂလိပ်စာသင်တန်း သွားရတဲ့ကောင်မလေးတစ်ယောက်...။ ကားပေါ်ကအဆင်းမှာ အရပ်ကမြင့်မြင့် မျက်မှန်လေးနဲ့ရှမ်းတရုတ်ပုံစံကောင်လေးကို တွေ့လိုက်မိ၏။ ကောင်လေးကသူ့သူငယ်ချင်းတွေနဲ့ ရီရီမောမောစကားပြောနေကြတဲ့အချိန် အဲ့ကောင်လေးရဲ့အပြုံးလေးတစ်ခုက ကောင်မလေးရင်ထဲမှာ စွဲကျန်ခဲ့သည်။ ကလေးတစ်ယောက်လိုလည်း သိပ်ဖြူစင်သည်။ ထိုတရုတ်လေး၏ မျက်ဝန်း နှင့် အပြုံးချိုချိုလေးတွေကို တစ်ချိန်လုံး ထိုင်ကြည့်နေမိခဲ့တာပေါ့လေ။

Saturday&Sunday သင်တန်းသွားရမှာပျင်းသည့် ကောင်မလေးက Saturday ကို ရောက်ချင်လွန်းလှပါသတဲ့။ တစ်နေ့တော့အမှတ်မထင်ပဲ ထိုကောင်လေးနာမည်သိခွင့်ရခဲ့ရတယ်။ "Jake"တဲ့။

ကျွန်မလေ စိတ်ထဲကနေတစ်ချိန်လုံး 'Jake' ဆိုတဲ့အမည်နာမလေးကို အမြတ်တနိုးနဲ့ခေါ်နေမိခဲ့တာရယ်။ အိမ်မက်တွေထဲအထိ သူကနှောက့်ယှက်တတ်ပါသေးသည်။ ကျွန်မရဲ့မသိစိတ်ထဲမှာ သူရဲ့ပုံရိပ်တွေနဲ့ပဲပြည့်နှက်နေခဲ့တာပေါ့။ သူနဲ့အကြည့်ချင်းဆုံတာနဲ့ရင်ခုန်နေတော့တာပဲ။

တစ်နေ့တော့ ကျွန်မသင်တန်းမတက်နိုင်ခဲ့ဘူးရယ်။ ထိုကနေမှ ကျွန်မအတွက်အခွင့်အရေးတစ်ခုရခဲ့သည်။။ Jakeဆီက စာအုပ်ငှားမယ်လို့ တွေးမိခဲ့တာပေါ့။ ကျွန်မသူငယ်ချင်းတွေဆီက မငှားဖူးလားလို့မေးကောင်းမေးနိုင်ပါတယ်လေ..ကျွန်မသူငယ်ချင်းတွေလည်း အဲ့နေ့တုန်းကသင်တန်းမတက်ခဲ့ကြဘူးရယ်။

ကျွန်မအဲ့နေ့က သင်တန်းကို စောရောက်အောင်သွားဖြစ်ခဲ့သည်။ စိုင်းကိုပထမဆုံးစကားပြော ဖြစ်တဲ့နေလေးပေါ့။

''ဟိုအရှည်ကြီး''

ကျွန်မရဲ့'Jake'က မျက်လုံးလေးပြူးပြီး သူ့ကိုခေါ်တာလား ဆိုတဲ့အကြည့်နဲ့။ ဟုတ်တယ်...သူ့အရပ်က အရှည်ကြီးပဲ။ ကျူရှင်တစ်ခုလုံးမှာဆို သူအရှည်ဆုံးရယ်။

''ဟုတ်တယ်...နင့်ကိုပြောစရာလေးရှိလို့''

''အွန်း ဘာလဲ''

Oneshot Collections by NaykyarNgaजहाँ कहानियाँ रहती हैं। अभी खोजें