ကျွန်မရဲ့လူကြီး

5.4K 142 2
                                    

#Unicode

ကျွန်မရဲ့ဝါသနာကလေ စာအုပ်စုရတာပေါ့။ စာအုပ်ဆိုင်တိုင်းမရောက်ဖူးတဲ့ဆိုင် မရှိဖူးသလောက်ပဲ။ စာအုပ်မျိုးစုံဝယ်ပြီး ဖတ်တယ်။ သေချာလေးသိမ်းထားတယ်။

ဂျူး၊ လွန်းထားထား၊ ပုညခင်၊ အကြည်တော်၊ တက္ကသိုလ်ဘုန်းနိုင်၊ သိုးဆောင်း၊ လရောင်ကျူးရင့်၊ မယ်မင်းဘုံ၊ မောင်ညိုမှိုင်း၊ ချစ်ဦးညို၊ ခင်ခင်ထူး၊ ဒဂုန်တာရာ၊ မိုးမိုး(အင်လျား)၊ လမင်းမိုမို စသည့်စာရေးဆရာကြီး၊ဆရာမကြီးတို့၏ဝတ္ထုများကတော့ အများဆုံးဖတ်ဖြစ်တာပေါ့လေ။ ဆရာမကြီးဂျူးရဲ့ဝတ္ထုတွေကတော့ တကယ့်ကို အသည်းစွဲတွေပေါ့။ အမှတ်တရ၊ မြစ်တို့၏မာယာ၊ ဆုံနေရက်နဲ့လွမ်းနေခြင်း၊ မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်၊ ချစ်ခြင်း၏အနုပညာ စသည့်စာအုပ်တွေကလေ ​ဖတ်လိုက်တိုင်း ရိုးသွားတယ်ကို မရှိခဲ့။

အခုကျတော့လည်း ခေတ်ရေစီးကြောင်းအရ Blဝတ္ထုတွေထွက်သမျှ ဝယ်စုနေမိပြန်သည်။ ဆုခြည်ကို၊ မအိမ်စည်၊ Lavender Pan၊ အကြင်နာမွန် နှင့် တခြားနာမည်ကြီးစာရေးဆရာများစွာ၏စာအုပ်များသည် ကျွန်မစာအုပ်စင်လေးမှာအပြည့်။

Blဝတ္ထုတွေကတော့ စာအုပ်တိုက်မျိုးစုံကနေ ထုတ်နေတာမို့ ဟိုတိုက်ကဝယ်လိုက်၊ဒီတိုက်ကမှာလိုက်နဲ့ပဲ။

အခုလည်း ကျွန်မကြိုက်ရတဲ့စာအုပ်လေးကို orderတင်ရမှာမို့ google formမှာ ဖြည့်သော်လည်း လုံးဝအဆင်မပြေ။ ဘာကerrorတက်နေသလဲတော့မသိဘူး၊ submit လုပ်လို့ကိုမရတာမို့ စာအုပ်တိုက်ရဲ့Cbကိုပဲ ပြေးရတော့တာပေါ့။

ဒီစာအုပ်တိုက်ကလေ ကျွန်မorderတင်နေကြစာအုပ်တိုက်မို့ adminအမနဲ့တောင်ရင်းနှီးနေပြီ။ ဒီနေ့တော့ ထူးထူးခြားခြား အဲ့ဒီအမမဟုတ်ဘဲ ကောင်လေးတစ်ယောက်ဖြစ်မယ်ထင်တယ်။ 'မင်္ဂလာပါခင်မျာ...'ဆိုတော့လေ။

ကျွန်မလည်း အဆင်မပြေတဲ့အကြောင်းလေးတွေပြောပြပြီး pre-orderလေးတင်ပေးဖို့ ပြောလိုက်တော့ 'ရပါတယ်ဗျ။ ကလေးရေ..."ဆိုပြီး ပြောလာတော့ အနည်းငယ်တော့ ကြောင်သွားတာပေါ့။ Adminအမကတောင် ညီမလေး၊ငယ်လေးစသဖြင့်ခေါ်တတ်တာလေ။ ကောင်လေးတစ်ယောက်က ကလေးရေဆိုတော့ တစ်မျိုးပဲပေါ့။ ဒါပေမယ့် ဒါကတာဝန်အရ ဖော်ရွေတာပါလေဆိုပြီးပဲ မှတ်ထားလိုက်မိတယ်။

Oneshot Collections by NaykyarNgaWhere stories live. Discover now