Meet again In Thingyan

487 47 7
                                    

#Unicode

အိပ်မက်.....။
အိပ်မက်ဆိုတာ အတိတ်ရဲ့အရိပ်ဆိုတာကို လက်ခံကြလား။

ကျွန်မတော့ လက်ခံသင့်သလား၊လက်မခံသင့်သလားဆိုတာကိုတောင် မသိတော့ပါဘူးလေ။

အိပ်မက်တွေကလေ ကျွန်မကို ရသ‌မျိုးစုံပေးတာကိုတော့ ကျွန်မသိတယ်.....

တခါတလေ ၀မ်းနည်းမိတာမှ အသဲနှလုံးတွေ ကွဲကြေမတက်ရယ်.....
တခါတလေတော့လည်း တရိပ်ရိပ်နဲ့ ရင်ထဲမှာ ကြည်နူးနေရပြန်ရော.....
တခါတလေကျပြန်တော့ တမြေ့မြေ့နဲ့လွမ်းစွတ်တမ်းတမိနေတာမျိုး.....
တခါတလေဆိုလည်း အချစ်မေတ္တာတွေ ဖုံးလွှမ်းနေတဲ့ရပ်၀န်းငယ်လေးသဖွယ်.....

တကယ့်ကို ရသစုံလွန်းတယ်ကွယ်....

ကျွန်မလေ အိပ်မက်ထဲကနေ ရုန်းမထွက်နိုင်လောက်တဲ့အထိကို အိပ်မက်တွေကို စွဲလန်းမိနေပြီ။
အင်း.....အိမ်မက်ဆိုတာထက် အိမ်မက်ထဲက တစုံတစ်ယောက်ကိုပေါ့။

        ••••••••••••••••••••••••••••••••••••••••••

"ဟေ့ကောင်....ဒီနှစ် မန္တလေးမှာ သင်္ကြန်သွားကျ ကြမယ်။"

"မန္တလေးမှာ သင်္ကြန်ကျချင်တာလား ဒါမှမဟုတ် မင်းချစ်သူရှိလို့လား။"

"မင်း သိရင်ပြီးရောကွာ....လိုက်ခဲ့မယ်မလား။"

"ငါက သင်္ကြန်ကို လည်ဖူးလား"

"မင်းကလည်းကွာ....'မင်းသင်္ကြန်'ဆိုတဲ့နာမည်နဲ့မှမလိုက်ကွာ....သင်္ကြန်ဆိုရင် အိမ်တွင်းအောင်းပြီးဖြစ်ပျက်နေလိုက်တာ။"

"ငါဒုတိယအကြိမ် သူ့ကို မဆုံးရှုံးချင်ဘူး။"

"ဘယ်သူလဲ...."

"အိမ်မက်ထဲက သူ...."

"ရူးပါ့ကွာ!"

       ••••••••••••••••••••••••••••••

"ဝါ...."

"ဗျာ...မမ"

"ညီမလေး ဒီနှစ်သင်္ကြန်ရော ခါတိုင်းလိုပဲလား။"

"ဟုတ်...ခါတိုင်းလိုပဲ။"

"မငြင်းငွေ့သေးဘူးလားကွယ်...."

"ဟင့်အင်း....သူ့ကို ရှာနိုင်မှာ။ တချိန်ချိန်မှာ သေချာပေါက်ပြန်တွေ့မှာ"

Oneshot Collections by NaykyarNgaWhere stories live. Discover now