ကျွန်မရဲ့လူကြီး-2

1.6K 74 0
                                    

#Unicode

ကျွန်မက အပျော်တမ်းစာရေးသူတစ်ယောက်ပါ။ အပျော်တမ်းဆိုတာထက် ဝါသနာပါတာလို့ ပြောရမလားပဲ။ စိတ်ရှုပ်နေတဲ့အခါမျိုး၊စိတ်ညစ်စရာရှိလာတဲ့အခါမျိုး တွေမှာ စာအုပ်ဖတ်လိုက်ရင်ဖြစ်ဖြစ်၊စာရေးလိုက်ရင်ဖြစ်ဖြစ် စိတ်ညစ်စရာတွေအားလုံးကို ခဏတာတော့မေ့သွားမိတယ်။ ဇာတ်ကောင်လေးတွေမှာ စီးမြောသွားသလိုမျိုးပေါ့။

ကျွန်မရဲ့ဖြစ်တည်မှုကို မေ့ဖျောက်သွားပြီး ဇာတ်ကောင်နေရာဝင်ခံစားလိုက်တာက တကယ်ကို စိတ်ထွက်ပေါက်တစ်ခုလိုပဲ။ လက်ရှိအဖြစ်အပျက်တွေ ခဏတာမေ့သွားပြီး စိတ်ကူးယဥ်ကမ္ဘာလေးထဲမှာ ပျော်မွေ့နေတာမျိုးပေါ့။ ထိုစိတ်ကူးယဥ်ကမ္ဘာလေးဆီကို အလည်သွားမိတာလည်း ခဏခဏပါပဲ။

ကျွန်မက အပျော်တမ်းစာရေးသူဆိုတော့ အရေးအသားကတော့အကောင်းကြီးမဟုတ်ဘူးရယ်။ ဒါပေမယ့် အားပေးတဲ့လူအနည်းစုကြောင့်ပဲ ဝါသနာအရင်းခံပြီးဆက်ရေးနေရခဲ့တာ။

စာအုပ်တိုက်တစ်ခုကမှာထားသည့်စာအုပ်လေးအကြောင်းသွားမေးမလို့လုပ်ရာကနေ အက်မင်နဲ့စကားပြောထားတာလေးတွေ ပြန်ဖတ်ကြည့်နေမိတယ်။ အဲ့နေ့ကလေ စိတ်နည်းနည်းညစ်နေတာကြောင့် စာလေးတွေပြန်ဖတ်ရင်းနဲ့ပြုံးမိလာတော့တာပဲ။ အဲ့ကနေစပြီး ချစ်စရာကောင်းလိုက်တဲ့အခေါ်အဝေါ်လေးတွေ၊စကားလုံးလေးတွေပါလား ဆိုတဲ့အတွေးဝင်လာပါလေရော။ ကျွန်မရဲ့ဝါသနာကလည်း ထကြွကာ ဇာတ်လမ်းတိုလေးတစ်ပုဒ်အဖြစ် ဖန်တီးချင်လာတာပေါ့။

အဲ့ကနေမှ မဆိုင်းမတွပဲ 'လူကြီး'ဆိုသည့်ဇာတ်ကောင်လေးနဲ့ 'ကလေးလေး'ဆိုသည့်ဇာတ်ကောင်လေးကို ပုံဖော်ဖြစ်ခဲ့တော့တာပေါ့။ အစကတော့လေ အမှတ်တရလေးအဖြစ်Noteထဲမှာသိမ်းထားချင်ခဲ့ရုံပဲရယ်။ ရေးလည်းပြီးရော ထုံးစံအတိုင်းကျွန်မရဲ့သူငယ်ချင်းမလေးကို ပြတာပေါ့။ သူမကလေ ကျွန်မအတွက်အကောင်းဆုံးလူတစ်ယောက်လို့ပြောရမှာပေါ့။ ကျွန်မလိုအပ်နေရင် အမြဲကူညီပေးတယ်။ သူကတော့ကျွန်မကို တစ်ချိန်လုံးဆူပြောနေတတ်တာ။ ဒါပေမယ့်လေ သူမဟုတ်တဲ့လူတစ်ယောက်က ကျွန်မကိုဆူရင် သူကရန်ထောင်လိုက်ရမှ။ သူမကလေ စကားသိပ်နည်းတာ။ ကျွန်မကသာ တစ်ချိန်လုံး ပိကျိပိကျိနဲ့မနားတမ်းကို ပြောတာ။ သူမက ခန္တီပါရမီနဲ့ပြည့်စုံနေသလိုလို ကျွန်မပြောသမျှကို စိတ်ရှည်လက်ရှည်နဲ့နားထောင်ပေးရှာတယ်ရယ်။

Oneshot Collections by NaykyarNgaWhere stories live. Discover now