Onlineပေါ်ကကောင်ကလေး

662 56 5
                                    

#Unicode

ကျွန်မတို့မြို့လေးသည် ဒီနေ့တစ်နေလုံး မိုးရေစက်များနှင့် လွှမ်းခြုံထားလေသည်။ ကျွန်မမှာ စိတ်ရောဂါတစ်ခုရှိတယ်လေ။ ရောဂါဆိုလို့လန့်မသွားပါနဲ့။ မိုးစက်တွေ ကျလာတဲ့အချိန်ဆို ဘယ်သူ့ကိုမှန်းမသိ လွမ်းမိတာမျိုးပါ။

အခုလည်း စိတ်ထဲလွမ်းဆွတ်ခြင်းများနှင့် Coffeeခွက်လေးအား စားပွဲပေါ်တင်ကာ ဖုန်းသုံးနေမိသည်။

ကျွန်မ မထင်မှတ်ဘဲ''People You May Know''ဆိုတဲ့ခေါင်းစဥ်လေးအောက်မှာ Accလေးတစ်ခုကိုတွေ့လိုက်မိတယ်။

အို..သူ့ပုံလေးကို မြင်တာနဲ့ ကျွန်မရင်တွေခုန်လိုက်တာ.....ကဝေတစ်ကောင်အလားထင်မှတ်ရအောင် ကျွန်မရဲ့နှလုံးအိမ်ကို ပြုစားလိုက်ပြီ။

သူ့ပုံစံက...ဓာတ်ပုံထဲမှာတောင်အရပ်ရှည်သည်ဟု ထင်ရတာမျိုး။ ထိုအမျိုးသားလေးက All blankဝတ်ထားတယ်။အမဲရောင်ကသူ့၏Favဖြစ်မည် ထင်ပါရဲ့။ cigaretteကိုလက်ကြားညုပ်ထားတာလေးက တကယ့်ကိုbad character လေးရယ်။

လျှာထိုးဦးထုပ်စောင်းထားပြီး ခေါင်းငိုက်စိုက်ချထားတာမို့ မျက်နှာကိုတော့ သေချာမမြင်ရချေ။ လက်ချောင်းအရှည်ကြီးတွေရှိသည့်လက်ဖဝါးတစ်ခုရယ်၊ သွေးကြောစိမ်းတွေထနေသည့်လက်မောင်းတစ်လျှောက်ရယ်ဖြင့် ပြည့်စုံနေသလိုလို။

ယောက်ျားတစ်ယောက်၏ပုံ​ကို အသေးစိပ်မကြည့်ဖူးသော်လည်း သူ့ကိုတော့ ကြည့်နေမိသည်။ တကယ့်ကိုမှ အနုစိပ်ကြည့်မိနေတာ။ သူ့ပုံကို မှတ်ဉာဏ်ထဲမှာ အလွတ်ရနေသည်အထိပေါ့လေ။

ကျွန်မသူ့Accလေးထဲ ဝင်ကြည့်မိသည်။ကြည့်ရတာ..ကောင်မလေးမရှိသည့်ပုံစံမျိုး။ ဘယ်မိန်းကလေးနဲ့မှလည်း တရောတဝင်မရှိလှ။ Commentတွေထဲမှာဆိုလည်း ယောက်ျားလေးသူငယ်ချင်းတွေသာ။

နာမည်လေးက'Shine'တဲ့။

လက်က addဆိုသည့်ခလုတ်ကို နှိပ်လိုက်မိသည်။ ညကျတော့ ရှိုင်းဘက်က ကျွန်မရဲ့Accကိုလက်ခံလိုက်သည်။ ကျွန်မကလေ See firstတောင်လုပ်ထားလိုက်သေးတာ။ ထိုနေ့ကစပြီး ရှိုင်းAccထဲကိုဝင်ကြည့်ရတာက တာဝန်တစ်ခုလိုဖြစ်လာတော့တာပဲ။

Oneshot Collections by NaykyarNgaWhere stories live. Discover now