မုရှောင်ခယ်သည် ဤစကားလုံးများကို ပြသခဲ့ပြီး
လော်ရှန့် နှင့် အခြားသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။ ယောက်ျားလေးများနှင့် မိန်းကလေးများသည် ဤပင်မစာမျက်နှာတွင် ဘာမျှမရှိသော LV1 အကောင့်ကို အာရုံစိုက်ခဲ့ကြသည်။လော်ရှန့်သည် ပစ္စည်းများကို ဝယ်ယူပြီးနောက် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ အဲဒီနောက်မှာတော့ လူအုပ်ကြီးက တဖြည်းဖြည်း ပြန့်ကျဲလာပါသည်။
ကျန်ရှိနေသည့် မိန်းမပျိုလေးများသည် နောက်ဆုံးတွင် ကျန်နေသော ဆံညှပ်များကို ဝယ်ကြသည်။

မုရှောင်ခယ်သည် ရှိုးပွဲတွင်ရှိချိန်ဟာတစ်နာရီတောင်မရှိသေးပဲမမျှော်လင့်ဘဲ စျေးမသက်သာတဲ့ သူ၏ ဆံညှပ်များ အားလုံး ရောင်းထွက်ခဲ့သည်။

မကြာခင်မှာပဲ ရှောင်ရင်က သူ့ဘေးနားက ညီအစ်မငယ်တွေဆီကို သူ့တဲကိုအပ်ထားလိုက်ပြီးမုရှောင်ခယ်နဲ့ လော်ကျားမင် တို့ကို ဈေးဝယ်ထွက်ဖို့ ဆွဲခေါ်သွားကာ သူတို့ *လောကရဲဲ့ မရှိမဖြစ်လိုအပ်တဲ့ အခေါ်အဝေါ်တွေကို သူတို့နဲ့ မျှဝေခဲ့ပါတယ်။ ဥပမာ ဇနီးမယား/ မဒမ် ဆိုတာ ယောက်ျားလည်း ဖြစ်နိုင်တယ်။ ဥပမာ ရှောင်ရင်သည် fandom တွင်ကျော်ကြားသောစာရေးဆရာဖြစ်သည်။ ဥပမာအားဖြင့် Hanfu ညီအစ်မများသည် ယခု ရှောင်ရင် အဖွဲ့တွင် ပါ၀င်သည်။

(* လောက = ကျွန်တော်တို့ဆို lgbt အသိုင်းအဝိုင်းကခေါ်ဆိုပုံတွေအဲ့လိုပါပဲ )

ကလစ် ကို အခုမှဝယ်ခဲ့တဲ့ လော်ရှန့် အကြောင်းပြောရရင်ရှောင်ရင်က အရမ်းစိတ်လှုပ်ရှားနေပြီး

"မစ္စ လော်ရှန့် က အရမ်းhotတယ်။ အခြေခံအားဖြင့်တော့ ရှေးခေတ်ပုံစံတွေမှာဆိုရင် သူမကို မသိတဲ့သူတစ်ယောက်မှ မရှိဘူး။ ဒီနေ့ သူမဆံညှပ်ကို ဝယ်လာပြီ ငွေရှာဖို့အတွက် သူမကို ရောင်းရမယ်။ငါ့ကို ယုံပါ သူမ ဆံညှပ်အတွက် W ဘလော့ဂ်မှာ ခဏနေရင် ပို့စ်တင်တော့မှာထောင်ပေါင်းများစွာသော ပရိတ်သတ်အသစ်တွေက မင်းကို ဆွဲဆောင်လိမ့်မယ်!"

"ဒါက အံ့သြစရာလား!"

လော်ကျားမင် က မုရှောင်ခယ် ကို ကူညီပေးသည် ။ ရာနှင့်ချီသော ပရိတ်သတ်များက ပိုများသည်ထက် နည်းသည် ဟု ဆိုနိုင်သည်။ ဆယ်ယောက်မှာ တစ်ယောက်ဟာ မုရှောင်ခယ် ရဲ့ ပုံမှန်ဖောက်သည်ဖြစ်လာနိုင်ရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ စီးပွားရေးတွေ တိုးလာနေတယ်!

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now