ဘာကြောင့်မှန်းမသိ သူမ အဲ့စကားတွေကိုပြောပြီးတော့ မတင်မကျခံစားချက်ကြီးကပိုဆိုး‌လာတယ်

သူထွက်သွားမှာကိုတကယ်ပဲစိုးရိမ်နေတာလား

သူမကိုစိတ်ပျက်သွားမှာကိုလိုချင်တာလား

သူ့ကိုလက်ကတွန်းထုတ်နေပေမဲ့ စိတ်ကတော့ လွှတ်မပေးချင်ပြန်ဘူး

သူမ အတွေးများနေတုန်း သူမရဲ့ကိုယ်က ပေါ့သွားခဲ့တယ်

သူထသွားတာပဲ

သူမပေါ်ကထသွားပြီး ဝရံတာ‌ဘက်ကိုသွားနေတဲ့သူ့နောက်ကျောမှာ သွေးစိုနေတာကိုတွေ့ရတယ်

ဆေးရုံကဆင်းလာတာမကြာသေးတဲ့သူက ဒဏ်ရာကိုသေချာဂရုမစိုက်ဘူးထင်ပါရဲ့

သွေးစိမ့်ထွက်လာပြန်ပြီ

သူကတော့ ဘာကိုမှမမူ့ပဲ ဝရံတာဘက်ကိုပဲသွားကာ အေးအေးဆေးဆေးသာသာယာယာနဲ့ခုန်တက်လိုက်တယ်

သူမရဲ့ငြိမ်သက်နေတဲ့နှလုံးသားကလဲ အဲ့လိုခုန်တက်တာကိုမြင်လိုက်ခန ခွမ်းခနဲကျကွဲသွားတဲ့ဖန်နှလုံးသား
လေးဖြစ်သွားခဲ့လေရဲ့

"ပိုင်ရီ ! "

သူမ ကပျာကယာထကာ သူ့ကို အော်လိုက်တယ်

"အောက်ပြန်ဆင်း ! "

"ဟန်လေး ကိုယ့်ကိုသွားခွင့်ပေး မင်းရှေ့ကနေ ပျောက်ကွယ်သွားပါ့မယ် မင်းဘေးကနေ ကိုယ်ထွက်သွားပေးမယ် ဒါပေမဲ့ ကိုယ်အချစ်တွေကိုတော့ မင်း‌အပေါ်အပ်နှံထားခဲ့ပါမယ်"

အဲ့လိုအသုံးမကျတဲ့စကားတွေက သူမကို မြားအစင်းတစ်ထောင်လာစိုက်သလို နာကျင်စေတယ်

သူကလက်ကိုဆန့်လိုက်တယ်

သူမ ထပ်ပြီး မတည်ငြိမ်နိုင်တော့ဘူး

"ကောင်းပြီ ကောင်းပြီ ဘာဖြစ်ချင်တာလဲပြော "

"ကိုယ့်ကိုချစ်တယ်လို့ပြော "

"ကောင်းပြီ ချစ်တယ် ရပြီလား "

"မဟုတ်ဘူး အဲ့လို အပေါ်ယံမဟုတ်ဘူး လေးလေးနက်နက်နဲ့သေသေချာချာပြော"

"..........."

သူမ နှုတ်ဆိတ်သွားခဲ့တယ်

ပြီးတော့ သူ့ကိုကျောခိုင်းလိုက်တော့တာပဲ

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now