56.zgi

880 12 0
                                    

🌿The rebirth of the movie queen as the bloodthirsty queen

Ch.56.

"ကိုယ့်ကိုမဖြေသေးဘူးနော် ဘာလို့နမ်းတာလဲ ဖြေ မဖြေဘူးဆိုရင် ....."

"ဟာ့......"

ပြောနေရင်းမှ သူက ခါးကိုတချက်လှုပ်လိုက်တာကြောင့် သူမ အသက်ပြင်းပြင်းရှုမိလိုက်ရတော့တယ်

သူမအံကိုကြိတ်လိုက်ရင်းမှ

"ခြိမ်းခြောက်တာလား "

"အဲ့လိုထင်ရင်လဲထင်ပေါ့ ဒါပေမဲ့ ဟန်လေး မင်းသေချာမဖြေဘူးဆိုရင် ဒီတညလုံးကိုယ့်လက်ထဲကနေလွတ်မယ်မထင်နဲ့"

အခုမှ ခက်ချေပြီ

သူမမှာလှုပ်လို့လဲမရဲ ဘာကြောင့်မှန်းမသိပါးစပ်ကလဲမဖြေချင်ပြန်ဘူး

"ကိုယ့်ကိုချစ်လား ဟင် "

".........."

"ကိုယ့်ကိုချစ်တယ်လို့ဖြေ ..."

" ..........."

သူမ သူ့ကိုပြန်စိုက်ကြည့်လိုက်တော့ သူ့ရဲ့မျက်ဝန်းတွေက စိုစွတ်နီရဲနေလေတယ်

သူမရဲ့ပခုံးပေါ် သူမဆံပင်တွေကြား သူ့မျက်နှာဖွက်လိုက်ပြီးနောက်

"ဟန်လေး ကိုယ်အသက်ဆက်ရှင်နိုင်အောင်လို့ ညာပြီးတော့ပဲဖြစ်ဖြစ် လိမ်ပြီးတော့ပဲဖြစ်ဖြစ် စိတ်ထဲဘာရှိရှိ ကိုယ့်ကိုငဲ့ညှာပြီး တခါလောက်ချစ်တယ်လို့ပြောပေးပါလား မဟုတ်ရင် မင်းဘေးမှာဆက်နေဖို့တကယ်ပင်ပန်းနေပြီလို့ခံစားရတယ် "

သူ့အသံက တောင်းပန်ခြင်းများစွာနဲ့နူးညံ့နေသလို ကြေကွဲနေခဲ့တယ်

သူမနောက်စလိုက်မယ်လို့ပြောခဲ့တုန်းက သူမသတိ‌ပေးခဲ့တဲ့စကားတွေက အခု တကယ်ဖြစ်လာခဲ့ပြီလေ

အဲ့ဒါကို သူမေ့နေခဲ့တာလား

"ပင်ပန်းတယ်လို့ငြီးငြူလာတဲ့တနေ့ သတ်ပစ်လိုက်မယ်လို့ပြောထားတယ်လေ "

"အင်း မင်းကိုယ့်ကိုသတ်ပစ်သင့်တယ် ကိုယ်ပင်ပန်းနေပြီ ဟန်လေး မင်းသာကိုယ့်ကိုထပ်ပြီးငြင်းလိုက်မယ်ဆိုရင် ကိုယ် မင်းမသတ်လဲ သေသွားနိုင်တယ် "

"ဒါဆိုလဲ ငါ့ရှေ့ကနေပျောက်ကွယ်သွားလိုက် ပျော့ညံ့ပြီးငြီးငြူတတ်တဲ့လူတစ်ယောက်ကိုလဲ ငါ့ခင်ပွန်းဆိုတဲ့နေရာမှာမထားနိုင်ဘူး အခုချိန်ထိ ဘာမှဖြစ်မြောက်သေးတာမဟုတ်ဘူး ငါ့နောက်လိုက်ရင် ထပ်ပြီးပင်ပန်းရဉီးမယ် စိတ်ဆင်းရဲရဦးမှာပဲ အဲ့တော့ ငါ့လက်နဲ့မပစ်သတ်လိုက်ခင် ငါ့ရှေ့ကထွက်သွား"

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now