Ch.93.uni&zgi

1.6K 89 0
                                    

🌿The rebirth of the movie queen as the bloodthirsty queen

Ch.93.

နောက်ဆုံးတော့ ချင်းရန်ဘာလို့ထောင့်ကပ်နေရတာလဲဆိုတာ သူမသိသွားပြီ

နားဒုက္ခတော်တော်ရောက်ခဲ့လို့ ဘာမှပြောချင်စိတ်လုပ်ချင်စိတ်မရှိတော့ပဲ ခြေပစ်လက်ပစ်ထိုင်နေတာကိုး

သူမလဲ အဲ့လိုသွားထိုင်ချင်လိုက်တာ

တွေးနေတုန်းပဲရှိသေး စုန့်ကျောင်းက လွှားလွှား လွှားလွှားနဲ့ ရောက်လာလေတယ်

သူမ မျက်ဝန်းတို့လင်းလက်သွားခဲ့လေရဲ့

" ဝိုးးးး ပိုင်ရီကော ဘာလို့အထုတ်‌ေတွအရမ်းများနေရတာလဲ အိုးးး ဆရာရောရောက်နေတာပဲ "

ကျန်းရှင်းရှင်း အပြုံးကြီးကြီးပြုံးလိုက်ကာ

"တပည့်လေး လာပါဦး  နင့်ပိုင်ရီကောကို အထုတ်ဖြေကူလိုက် "

စုန့်ကျောင်းက သူ့ကိုတခါမှမပြုံးပြဖူးတဲ့ကျနး်ရှင်းရှင်းရဲ့အပြုံးမှာမျောသွားပေမဲ့ ထူးထူးဆန်းဆန်းခံစားချက်ကိုလဲ ရလိုက်လေတယ်

ဒါပေမဲလဲ အဲ့အရာတွေကို ကျေကျေညက်ညက်ဖြစ်အောင်မချေဖျက်
ရသေးခင်မှာပဲ သူ့အာရုံထဲကို မိုးလောက်မြင့်တဲ့အထုတ်တွေကဆွဲဆောင်သွားတော့တယ်

"ဝိုးးးး အများကြီးပဲ ပိုင်ရီကော ဘာတွေဝယ်လာတာလဲ ကျွန‌်တော့အတွက်ရောပါလား အမ် ?ဒါတွေကဘာတွေလဲ သေးသေး‌ေကွး‌ေကွးလေးတွေပဲ "

ပိုင်ရီက စုန့်ကျောင်းကို ပခုံးဖက်လိုက်တယ် ပြီးနောက် အဲ့မိုးလောက်မြင့်မားတဲ့အထုတ်တွေကြားထဲခေါ်ဆောင်သွားတော့တယ်

"ဟူးးးးး "

သူမ သက်ပြင်းချလိုက်ကာ ရှိသမျှအထုတ်တွေကိုကျေိာ်ခွပြီး ချင်းရန်နားသွားထိုင်လိုက်တယ်

သူမတို့ ဘာစကားမှမပြောဖြစ်ကြပေမဲ့ မျက်ဝန်းထဲမှာ ကူကယ်ရာမဲ့မူ့ကတော့ အထင်းသားပဲ

‌သူမ ချင်းရန်နဲ့အကြည့်ချင်းဖလှယ်ပြီးနောက် ပိုင်ရီတို့ဘက်ပြန်ကြည့်လိုက်တော့  ကြောင်‌ေတာင်တောင်ဖြစ်နေရှာတဲ့စုန့်ကျောင်းကိုဖက်ကာမမောနိုင်မပန်းနိုင်အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြနေတုန်း

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now