Ch.38.

2K 151 3
                                    

The rebirth of the movie queen as the bloodthirsty queen

Ch.38.

တကယ်တော့ သူမပြိုလဲချင်နေပြီ

သူမ ဆက်သွားနေရတဲ့တခုတည်းသောအကြောင်းအရင်းက သူမ မိဘတွေကြောင့်ပါပဲ

ဒါပေမဲ့လဲ အိမ်ပြန်လို့မရဘူးဆိုတော့ သူမရဲ့ကွန်ဒိုကိုပြန်ဖို့ပဲတွေးလိုက်မိတယ်

ကားမောင်းသမားကိုမှန်ကန်စွာလမ်းညွှန်ပေးပြီးနောက် သူမ ဇက်ကျိုးနေပြီ

အားကုန်ရုန်းကန်ထားရတဲ့အပြင် ညလဲမအိပ်ရ စားလဲမစားရ ပြင်ဆင်နေရတဲ့အကြောင်းအရာများစွာကြောင့်လဲ သူမရဲ့နားချိန်ဟာ မရှိခဲ့ပေ

ကားမောင်းသမားကတော့ သူမကိုမူးနေတယ်မှတ်ပြီးတော့ တကျွတ်စ်ကျွတ်စ်စုပ်သပ်ကာ ဒီခေတ်ကလေး‌တွေဘယ်လိုပျက်စီးနေတဲ့အကြောင်းငြီးငြူနေလေတယ်

အစကသီးခံနိုင်ပေမဲ့ ကြာလာတော့ သူမစိတ်တိုလာတယ် နောက်တော့ မိဘတွေနဲ့ပါကိုင်ပေါက်လာတဲ့အခါ သူမဒေါသထွက်လာပြီး

"တိတ်စမ်း ရှေ့လျှောက်ကားမမောင်းနိုင်တော့အောင်လုပ်လိုက်ရ
မလား"

သူမကို မကြည်ပေမဲ့ ဆက်ပြီးစကားမပြောရဲတော့တာကြောင့် နောက်ဆုံးတော့ သူမနားသက်သာရာရသွားတယ်

သူမရဲ့ကားကဆေးရုံမှာ သူမကိုယ်တိုင်မမောင်းနိုင်လို့ သူ့ကိုအားကိုးပါတယ်ဆိုမှ သူမမှာ ဆိုးဝါးတဲ့စရိုက်ရှိသူနဲ့လာတိုးရတယ်လို့ပဲ

သူမ အဲ့ကားနံပါတ်ကိုမှတ်ထားလိုက်တယ် သူမ ရပ်နေပေမဲ့လဲ လောကကြီးက တဖက်ကိုစတင်စောင်းနေသလိုပဲ အိကျနေခဲ့လေတယ်

"ဘာဖြစ်နေတာလဲ ဒါက"

"........"

သူမ မော့ကြည့်လိုက်တော့ ပိုင်ရီ ကောင်စုတ်

ဒီကောင်စုတ်က ဘာလို့ဒီနားလာရောက်နေရတာလဲ

သူမ မော့ကြည့်လိုက်တယ်

အသစ်ပြောင်းလာတဲ့ကွန်ဒိုဟုတ်ပါတယ်

စုန့်ကျောင်းကတော့ သူမရဲ့စမ်းသပ်ချက်အောင်မြင်သွားလို့‌အိမ်ပြန်ပို့လိုက်ပြီ

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now