Chapter(69) - ကျေနပ်အားရခြင်း

Start from the beginning
                                    

"ဘာမှားလို့လဲ?"

ဆွေ့ရှန်းက စကားပြောမယ့်အစား သူ့အား ကုတင်ပေါ် တွန်းလှဲချလိုက်ပြီး သူ့အပေါ် တွယ်တက်ကာ လှဲချလိုက်သည်။ ခြေထောက်တစ်ဖက်က ရန်ကျင်းရဲ့ ဘေးတစ်ဖက်ကို ဖိထားပြီး လက်တစ်ဖက်ကတော့ ရန်ကျင်းရဲ့ ခေါင်းဘေးမှာ ထောက်ကန်ထား၏။ ထို့နောက် တစ်ခြားလက်တစ်ဖက်ဖြင့် သူ့လက်ချောင်းလေးများကို သုံးကာ ရန်ကျင်းရဲ့ မေးကို ဖိပြီး အနည်းငယ် ပင့်မြှောက်လိုက်လေသည်။

ပြီးတာနဲ့ တုံ့ဆိုင်းမှု အလျင်းမရှိစွာပင် အမွှေးလုံးလေး နှစ်ကောင်အား ရောင်းထုတ်လိုက်တော့သည်။

"အဲ့ဒီ ယုန်နဲ့ ရှဉ့်လေးကပြောတယ်, ငါက မင်းကို သွေးဆောင်ဖြားယောင်းနေတဲ့ မြေခွေးနတ်ဆိုးဖြစ်ပြီး မင်းကတော့ ပျော်ရွှင်မှုကို ခံစားနေတဲ့ ဧကရာဇ်တဲ့ အဲ့ဒါ ဟုတ်လား?"

သူက ရန်ကျင်းအား အပြုံးလေးဖြင့် ကြည့်နေပြီး လျော့ရဲနေသည့် ကော်လံက အနည်းငယ် ပွင့်ဟနေကာ နူးညံ့သွယ်ပျောင်းသည့် ညှပ်ရိုးလေးကို ထုတ်ဖော်နေသည်။ ရေတံခွန်များကဲ့သို့ ရှည်လျားလှသည့် ဆံနွယ်များကတော့ မူလက ဖဲကြိုးဖြင့် ချည်နှောင်ထားသော်လည်း အစောပိုင်းတုန်းက ဆိုဖာပေါ်မှာ ပျင်းရိစွာ လျော့ရဲရဲ ထိုင်နေခဲ့သဖြင့် ပြေသွားခဲ့လေသည်။ ဒီအချိန်မှာတော့ သူ့ရဲ့ ဆံနွယ်ရှည်ကြီးများက ပါးလွှာသည့် ပုခုံးကနေတစ်ဆင့် လျောကျနေကာသူ့ဆံပင်ဘေးဘက်မှာ ဒီအတိုင်းလေး ကျနေရင်း ရန်ကျင်းရဲ့ ပါးပြင်ကို ညင်သာစွာ ပွတ်တိုက်နေသည်။

ရန်ကျင်းကတော့ နှလုံးသားတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူက ခေါင်းလှည့်လိုက်ပြီး ထိုဖြူဖွေးနူးညံ့လှသည့် လည်တိုင်ကနေ မျက်လုံးကို ရှောင်ရှားဖို့ ကြိုးစားသော်လည်း ဆွေ့ရှန်းက သူ့မေးစေ့ကို ဆွဲညှစ်လိုက်ပြီး သူ့ကို လှုပ်ရှားခွင့် မပြုပေ။ သူ့အနေနဲ့ မျက်လုံးမှိတ်ထားရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့။ သူက တင်းကျပ်နေသည့် အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က သူတို့နဲ့ မတူဘူး"

သူက ထိုနှစ်တုန်းကလို မသိနားမလည်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူး။ အချိန်တွေက သူ့ကို စွမ်းအားကြီးတဲ့ အမျိုးသားတစ်ယောက်အဖြစ် ဆွဲခေါ်ပြီးနေပြီ။ သူ့မူရင်း ငယ်ရွယ်နုပျိုတဲ့ လေးစားမှုတွေက မရေမတွက်နိုင်တဲ့ နေ့တွေညတွေကို ပွေ့ဖက်ပြီးနောက်မှာ တိတ်တဆိတ် အသွင်ကူးပြောင်းသွားခဲ့ပြီ။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now