Chapter(67) - အတိုချုံး

Start from the beginning
                                    

သူ့တွင် ခုခံရန် ခွန်အား လုံးဝမရှိပေ။ ဤအခိုက်အတန့်တွင် သူ့ကိုယ်က ဝိညာဉ်တစ်ခုလို ဖြစ်နေပုံရကာ လှုပ်ရှားနိုင်ခြင်းလည်း မရှိသလို ရန်ကျင်းကိုလည်း သိအောင် မလုပ်နိုင် ဖြစ်နေသည်။ ရန်ကျင်းက သူ့ခန္တာကိုယ်အား သုတ်သင်ပေးနေသည်ကိုသာ ခွင့်ပြုထားရသည်။

အရှေ့နဲ့ အနောက်သို့ ထပ်တလဲလဲဖြင့် သုံးကြိမ်တိတိ သုတ်ပေးနေ၏။

ရေထဲတွင် ဘာမှန်းမသိသည့် ဆေးနံ့များလည်း ပါဝင်နေသည်။ ရှန်ကျစ်ရှန်းမှာတော့ ပြုတ်ထားသည့် ပုဇွန်တစ်ကောင်လို ဖြစ်လာခဲ့ကာ ရန်ကျင်းရဲ့ လက်ထဲမှာ အခွံနွှာခံနေရသလို ခံစားနေရသည်။ ၎င်းက သူ့အား ကျောတွန့်ချင်စိတ် ဖြစ်လာစေသည်။

ရှန်ကျစ်ရှန်းရဲ့ အပေါ်ပိုင်း ခန္တာကိုယ်အား သုတ်ပေးပြီးနောက်မှာ ရန်ကျင်းက မျက်နှာသုတ်ပဝါအား ဘေးချလိုက်ပြီး သူ့ခန္တာကိုယ်ပေါ်က သေးငယ်သော သွေးကြောများအား ထပ်ခါထပ်ခါ ဖိနှိပ် ပွတ်သပ်ပေးနေပြန်သည်။ ထို့နောက် ရန်ကျင်းက သူ့ကိုယ်ထဲသို့ ဝိညာဉ်ချီများအား ဂရုတစိုက် ထည့်ကာလည်ပတ်ပေးနေပြီး သူ့သွေးကြောများကို ညင်သာစွာ ချောမွေ့ စိုစွတ်စေသည်။

ရှန်ကျစ်ရှန်းသည် သူ့ဆီမှ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ဆုပ်နယ်ပေးသည်အား ခံယူနေရကာ သူ့အရိုးများထဲက ပင်ပန်းနွမ်းနယ်မှုကို နှစ်ချက်စာလောက် သက်သာရာ ရစေသည်။ သို့တိုင်အောင် ထိုသူ့အား ကူကယ်ရာမဲ့စွာနဲ့ မျက်စောင်းထိုးမိဆဲပင်။

သူက အိပ်ချင်လာသည့် စိတ်အား တွန်းလှန်နေသည့် အချိန်မှာ တစ်စုံတစ်ယောက်က တံခါးအပြင်မှ တုံ့ဆိုင်းဆိုင်းဖြင့် ခေါက်လာခဲ့သည်။

"အရှင်သခင်ကြီး, တစ်စုံတစ်ယောက်က...."

ရှန်ကျစ်ရှန်းက ထိတ်လန့်သွာမးိပြီး ထိုလူဆက်ပြောမည့် စကားများအား အာရုံစိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် ရန်ကျင်းက ကြားဖြတ်ပြောလိုက်လေသည်။

"ငါဘယ်သူနဲ့မှ မတွေဘူး"

အပြင်မှလူသည် ချက်ချင်းပင် အသိအမှတ်ပြုကြောင်း တီးတိုးပြန်ဖြေလာသည်။ ရှန်ကျစ်ရှန်းက အနည်းငယ် သိချင်လာသည်။ သူက ရန်ကျင်းကို မော့ကြည့်လိုက်သော်လည်း ရန်ကျင်းက သူ့အကြည့်ကို သတိမထားမိပုံပင်။ ထိုအစား ရန်ကျင်းက သူ့မျက်လုံးနှင့် နှုတ်ခမ်းထောင့်စွန်းလေးသို့သာ နွေးထွေးပြီး အနည်းငယ်စိုစွတ်သော အနမ်းတစ်ခုဖြင့် ထိကပ်လာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now