Chapter(66-1) - အဝတ်အစားတွေချွတ်

En başından başla
                                    

မင်းယီသည် ကောလဟာလများ စတင်ပျံ့နှံ့စဉ်မှာ အံ့အားသင့်ခဲ့ရသည်။ စီနီယာအစ်ကိုကြီးရန်က ဒီလိုအရာမျိုး လုပ်လိမ့်မယ်လို့ မယုံကြည်ခဲ့ပေ။ သို့သော်လည်း ပြိုင်ဘက်များက အလွန် ပြင်းထန်နေတဲ့အပြင် ပုံရိပ်ယောင် ကျောက်တုံးကိုပါ ထုတ်ပြလာခဲ့သည်။ သက်သေများအားလုံးက ရန်ကျင်းကိုသာ ဦးတည်နေခဲ့တာကြောင့် ငြင်းပယ်ဖို့ ခက်ခဲလာလေသည်။

"ဂိုဏ်းချုပ်စုန့်က ပဉ္စမတောင်ကုန်းကို အကြိမ်ပေါင်းများစွာ လာခဲ့ပေမယ့် အကြီးအကဲက ထွက်မလာသေးဘူးဆိုတော့...."

ရန်ကျင်းက ဒီလောက်ကြီးမားတဲ့ ပြဿနာတွေ ဖြစ်နေတဲ့ အချိန်မှာ သူ့ဆရာဖြစ်သည့် ရှန်ကျစ်ရှန်းက တံခါးပိတ် တရားကျင့်နေခဲ့သည်။ စုန့်မင်းအနေနဲ့ ရွေးချယ်စရာ မရှိပဲ ရန်ကျင်းကိုသာ အမြန်ပြန်လာရန် ဝရမ်း ထုတ်ခဲ့ရ၏။ တစ်ချိန်တည်းမှာပင် သူက တစ်ခြားဂိုဏ်းများရဲ့ ဒေါသကိုလည်း ဖြေလျော့ပေးကာ စိတ်ရှည်လက်ရှည်စာင့်ပေးရန် စည်းရုံးပြီး အချက်အလက်တွေ အကုန်ရတာနဲ့ လူတိုင်းကို ရှင်းပြချက် ပေးပါမယ်ဟု ကတိပြုခဲ့သည်။

ရှန်ကျစ်ရှန်းက ခဏမျှ နားထောင်ပြိးနောက်မှာ ပြန်ပြောသည်။

"အခုတစ်လောရော ဂိုဏ်းအသေးတွေက ပြဿနာလာရှာသေးလား?"

သူက ခေါင်းခါပြသည်။

"ဟင့်အင်း, အခုတစ်လော နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ သောင်းကျန်းနေကြတော့ လူအများစုက သူတို့ ဂိုဏ်းဆီ ပြန်သွားကြပြီး စီနီယာအစ်ကိုကြီးရန်ရဲ့ ပြဿနာကို သိပ်ပြီး မပြောကြတော့ဘူး"

ရှန်ကျစ်ရှန်းက နားလည်ကြောင်း အသံပေးလိုက်ကာ ထိုကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းသည် ရန့်ရှန်သေဆုံးသွားခြင်းကြောင့် ဖြစ်ကြောင်း သေချာသွားသည်။

ရန့်ရှန် မရှိတဲ့အတွက် စုန့်မင်းသည်လည်း ချင်းယွင်ဂိုဏ်းကနေ ထွက်ခွာလို့ မရနိုင်ပဲ အပြင်ဘက်ကို ပြဿနာရှာဖို့ သူ့လက်တံများအား ဆန့်မထုတ်နိုင်ဘူးလေ။ ခံရသူ အသစ်မရှိတဲ့အတွက် ထိုဂိုဏ်းအသေးလေးများသည်လည်း ချင်းယွင်ဂိုဏ်းအား အများကြီး ရန်မစရဲခြင်းသာ။ ထို့ကြောင့် သူတို့က ဆက်ပြီး ဆူညံအောင် မလုပ်ကြတောခြင်းပင်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Hikayelerin yaşadığı yer. Şimdi keşfedin