Chapter(66-1) - အဝတ်အစားတွေချွတ်

Start from the beginning
                                    

မင်းယီရဲ့ မနက်ခင်း အတန်းက အခုလေးတင် ပြီးသွားတာပင်။ အခန်းကိုပြန်ပြီး ထမင်းစားသောက်ပြီးနောက် ဓားသိုင်းလေ့ကျင့်ရန် ပြင်ဆင်နေစဉ်မှာပဲ စာတိုအား လက်ခံရလိုက်သည်။ သူက အချိန်အကြာကြီး အေးခဲသွားပြီးမှ ရုတ်တရက် ထခုန်လိုက်မိတာကြောင့် အိပ်ယာဘောင်နဲ့ ခေါင်းနဲ့ သွားဆောင့်တော့လေသည်။ သူက နာကျင်စွာ အော်ညည်းလိုက်ကာ သူ့ဘေးက တပည့်အား လန့်သွားစေသည်။

"စီနီယာအစ်ကိုကြီးမင်းယီ? ဘာဖြစ်တာလဲဗျ?"

မင်းယီက သူ့ခေါင်းအား ပွတ်လိုက်ရင်းဖြင့် သူ့ရဲ့ ကောက်ကွေးသွားသော ခေါင်းချည်ကြိုးအား ပြန်ပြင်ဆင်လိုက်သည်။ ထို့နောက် တံခါးအား အလျင်စလို ဖွင့်ကာ ပြေးထွက်သွားတော့၏။

"အကြီးအကဲရှန် တံခါးပိတ် တရားကျင့်တာ ပြီးသွားပြီ"

ဒီအတိုင်း ပြောပြီးတာနဲ့ ပျောက်ကွယ်သွားတော့သည်။

တပည့်လေးကတော့ လှုပ်ရှားနေဆဲ ဖြစ်သည့် တံခါးအား အံ့အားသင့်နေသည့် အမူအယာဖြင့် ကြည့်နေမိလေသည်။ ခဏလောက်အကြာမှာ သူ့မှာ တုန့်ပြန်လာနိုင်သည်။

"အကြီးအကဲရှန်က တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာတာလား?!"

သူသည်လည်း သူ့ဓားကိုပင် မယူနိုင်တော့ပဲ အလျင်စလို ပြေးထွက်မိလေသည်။

တောင်ထိပ်ပေါ်သို့ မင်းယီ ကမန်းကတန်းနဲ့ ရောက်လာတဲ့ အချိန်မှာ ရှန်ကျစ်ရှန်းက သူ့ဝတ်ရုံအား ပြန်လည်ပြင်ဆင်ပြီးနေလေပြီ။ မင်းယီမှာ သူ့မျက်နှာပေါ်က အပြုံးကို မဖုန်းကွယ်နိုင်ပဲ လေးလေးစားစား ဦးညွှတ်လိုက်၏။

ရှန်ကျစ်ရှန်းက ခေါင်းညိတ်ပြလိုက်ကာ ယဉ်ကျေးနေရန် မလိုအပ်ကြောင်း အချက်ပြ၍ ဂိုဏ်းတွင်း အခြေအနေနှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် မေးသည်။

မင်းယီသည် စုန့်မင်းနှင့် ရန်ကျင်းတို့နှင့် ပတ်သတ်သော အခြေအနေအား အမှန်အတိုင်း တမင်တကာ ပြောပြသည်။

"အကြီးအကဲ တံခါးပိတ် တရားကျင့်နေတဲ့ အချိန်မှာ စီနီယာအစ်ကိုကြီးရန်က အပြင်ဘက်ကို ခရီးသွားရင်း ပြန်မလာသေးပါဘူး။ အစောပိုင်းတုန်းက အပြင်မှာ ကောလဟာလတွေ ပျံ့နှံ့နေခဲ့တယ်။ စီနီယာအစ်ကိုရန်က.....လူတော်တော်များများကို ထိခိုက်စေခဲ့တယ်တဲ့ အဲ့ဒါကြောင့် ဂိုဏ်းသေးသေးလေးတွေက အကြိမ်ပေါင်းများစွာ ပြဿနာ လာရှာနေကြတယ်"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now