မဟာ  ခွန်နဲ့ရန်နိုင်နဲ့အတူ   နယ်စပ်ဘက်က ကလပ်တစ်ခုအတွင်းသို့ ဝင်လာလိုက်သည်။ခွန်က သူတို့အားကြိုစောင့်နေသူကို သတင်းပေးသူနဲ့ချိတ်ခိုင်းလိုက်တော့   ထိုလူက အခန်းတစ်ခုသို့ ခေါ်သွားသည်။အခန်းထဲရောက်တော့ သတင်းပေးသူက အရမ်းလှတဲ့ ရှမ်းတရုတ်မတစ်ယောက်ဖြစ်နေတာမို့ အံဩသွားသည်။

"ဟေ့ မဟာ လှတယ်နော်"

"နှာဗူး လုပ်မနေနဲ့  အလုပ်ကိစ္စလာတာနော်ရန်နိုင်"

"အေးပါကွ"

"ကဲပြောပါအုံးလာရင်းကိ္စ္စလေ  သတင်းကတော့ အရေးကြီးရင် ကြီးသလောက် ဒါလဲများတယ်နော်"

လက်ညိုးနဲ့ လက်မကို ဝိုင်းပြကာ ပြောလာတာမို့

"ကိစ္စမရှိဘူး  ကျုပ်သိချင်တာ ကျုပ်လက်နက်တွေကို မသွားတဲ့ကောင်ကို သိချင်တာ"

"အော် ဟိုတစ်ခါ  လက်နက်အချီကြီး လုခံရတဲ့ သူကမင်းလား"

"ဆိုပါတော့"

"ဒါဆိုရင်   မင်းရဲ့ပြိုင်ဘက်က ပေါ့သေးသေးမဟုတ်ဘူးနော်"

"သူခိုးတစ်ယောက်က အထင်ကြီးစရာမရှိပါဘူး"

"အဟင်း ဟုတ်ပါပြီး  သူနာမည်ကမုန်တိုင်းထန်  သူလဲမင်းတို့လိုလူငယ်ပဲ မြေပြန့်သား  ဒီကိုရောက်တာ ​ သိပ်မကြာသေးဘူး ​  ဒီဘက်မှာ သူကတစ်ခြားအရောင်းအဝယ်မလုပ်ပဲ   ပစ္စည်းတွေကိုလုပြီ တစ်ခြားဝယ်လက်နဲ့ သူကပြန်ရောင်းတဲ့အလုပ်ကိုပဲ လုပ်တာ"

"သူကို ဘယ်မှာ တွေ့နိုင်မလဲ"

"ဒါတော့ တို့လဲမသိနိုင်ဘူး တို့ပေးနိုင်တာကတော့ ဒီတစ်ခုပဲ"

သူရှေ့ ပစ်ချလိုက်တဲ့ဓာတ်ပုံကို ကောက်ယူလို်ကပြီး ပိုက်ဆံအိတ်ကိုတင်လိုက်ကာ သုံးယောက်သား ထိုနေရာမှ ထွက်လာလိုက်သည်။သူအဖဲွ့သားတွေကို လောလောဆယ်
တောင်ကြီးကို ပြန်ခေါ်သွားပြီး အနားယူခိုင်းရမည်။သူဒီတစ်ခါ ခြေတစ်လှမ်းနောက်ဆုတ်လိုက်လိုက်မယ် ဒါပေမဲ့ နောက်တစ်ခေါက်တော့ မင်းအတွက် လက်ဆောင်ကောင်းကောင်းပေးဖို့ ပြင်ဆင်ရမှာပေါ့ မုန်တိုင်းရာ

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now