"တောင်းပန်ပါတယ် ဆရာချူ"

ချူဟန် က သက်ပြင်းချလိုက်ပြီး မုရှောင်ခယ် ၏ခေါင်းကို ခပ်ပြင်းပြင်းလေး ပုတ်လိုက်ပြီး

"ငါ့ကို တောင်းပန်စရာမလိုပါဘူး"

မုရှောင်ခယ် သည် ရှက်ရွံ့စွာ ပြုံးကာ သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သူ့ကိုယ်သူ အရှက်မကွဲအောင် သုတ်လိုက်သည်။

"ဘာစားပြီးပြီလား? ငါနဲ့ အတူစားချင်လား?"

မုရှောင်ခယ်က သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ရပါတယ် လို့ပြောလိုက်တယ်။ ထိုမှသာ ဒီနေရာသည် ချူဟန်၏ တိုက်ခန်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ဧည့်ခန်းရဲ့ ပရိဘောကတွေက သူ့အိမ်နဲ့ ယှဉ်ရင် ရိုးရိုးရှင်းရှင်းဖြစ်နေသည်။ တကယ်ကို ငှားထားတဲ့ တိုက်ခန်းပါပဲ။

"တကယ်တော့ ဒီပုံးထဲက အရာတွေက မင်းအတွက်ပဲလေ။ မင်းမစားရင် မနက်ဖြန် မနက်စာအတွက် သိမ်းထားလိုက်မယ်"

မုရှောင်ခယ်အရမ်းအံ့သြသွားတယ်။ ချူဟန် က သူ့ကို ထမင်းကျွေးချင်နေတယ် ဘယ်လိုလုပ်ရမလဲ?

"ငါ့သူငယ်ချင်းနဲ့ ထမင်းသွားစားတာ နောက်ထပ် အချိုပွဲ နှစ်ခုကို မှာယူပြီးတဲ့အချိန်မှာ မင်းက ကလေးဆိုတော့ အချိုပွဲစားချင်မယ်ထင်လို့ ပြန်ထုပ်ပိုးပေးဖို့ ဆိုင်လက်ထောက်ကို တောင်းဆိုခဲ့တာ"

မုရှောင်ခယ် ၏မျက်လုံးများသည် ချူဟန် ၏လက်ဆီသို့ရောက်သွားသည်။ ချူဟန်သည်
ခရင်မ်ပေါင်မုန့်နှင့် အနက်ရောင်သစ်တောကိတ်မုန့်ပါရှိသော လက်ရာမြောက်သော အထုပ်အပိုးသေတ္တာကို ဖွင့်လိုက်သည်။
တကယ့်ကို အချိုပွဲပါ...

မုရှောင်ခယ်သည် ချူဟန်ကို ကြည့်ပြီး ထိုကဲ့သို့စေ့စပ်သေချာသောလူ၊စာနာတက်တဲ့လူ၊ နူးညံ့သိမ်မွေ့ပြီး ကြင်နာတက်တဲ့လူကောင်း ရှိနိုင်သည်ကိုအံ့သြမိသည်။သူဒီလိုငိုနေတာ ကိုမြင်ပေမဲ့ ချူဟန်က သူနိုးလာချိန်မှာတောင် တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပြီး မေးခွန်းတွေမမေးခဲ့ဘူး။ သူသက်သာလာစေဖို့အတွက် အချိုပွဲနဲ့တောင် နှစ်သိမ့်ပေးခဲ့သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now