"ဒုန်း ဒုန်း ဒုန်း***"

ရှိသလောက်အားနဲ့ ခပ်ပြင်းပြင်းထုရိုက်ပေမယ့် ဖွင့်ပေးမယ့်သူမရှိခဲ့ဘူး။
မဖြစ်ရပါဘူး။ တစ်ယောက်ယောက် တံခါးလာဖွင့်ပေးကြပါ။
ကျေးဇူးပြုပြီး ။
အပြစ်ပေးမယ်ဆိုလဲ ကျွန်တော့ကိုပဲ ပေးကြပါ။ ချန်းယောလ်မှာ ဒဏ်ရါတွေနဲ့။

"ဒုန်း ဒုန်း ဒုန်း.."

ဘတ်ဟျွန်း အားရှိအားကုန်ထုနေပေမယ့် အရာမရောက်ပေ။ အချိန်တော်တော်ကြာတဲ့အခါမှာ ဘတ်ဟျွန်း လက်ဖမိုးလေး ရဲတက်နေပြီ။ ကျိန်းစပ်နာကျင်နေပြီ။ တံခါကို ကျန်ရှိတဲ့ အားနဲ့ သူထုလိုက်တယ်။

"ဒုန်း***"

"ချပ်"

ချပ်ခနဲ ပွင့်သွားတဲ့ တံခါးရွက်နောက်မျက်နှာပြင်ကြောင့် ဘတ်ဟျွန်းစိတ်အစုံ သက်သာရာရသွားတယ်။ သူ့မျကိနှာကို စေ့စေ့ကြီးပြီး ဘတ်ဟျွန်း တုတ်တုတ်မျှ မလှုပ်မိ။ ဘယ်ဘက်ပါးပြင်ကနေ မျက်ရည်တစ်ပေါက် စီးကျသွားတယ်။
နာကျင်တာက နှလုံးသားဆီကပါ ။
ဒါပေမယ့် သက်သေတည်တာက ဘယ်ဘက်မျက်ဝန်းအိမ်က။

"အရူးလေးလား မင်းက
ဘာလို့ ငိုနေတာလဲ"

သူဆွဲယူထွေးပွေ့လိုက်တဲ့အတိုင်းလေး ဘတ်ဟျွန်းက သူ့ရင်ဘတ်ပေါ်မှာ မျက်နှာလေးအပ်လျှက်သား။ သူကြားလောက်ရုံ လေသံနဲ့ ဘတ်ဟျွန်းက ညည်းညူလိုက်တယ်။

"မင်း တစ်ခုခုဖြစ်ပြီ ထင်လို့"

"မစိုးရိမ်နဲ့တော့ ငါဘာမှ မဖြစ်ဘူးနော်
ဟုတ်ပြီလား"

"အင်း.."

ဘတ်ဟျွန်း ပုခုံကနေ တွန်းယူလိုက်ပြီး ချန်းယောလ်က

"မျက်နှာ မသစ်ရသေးဘူးလား.."

ဘတ်ဟျွန်း အခုမှ ရှက်ရမှန်းသိကာ ရုန်းထွက်လိုက်ပေမယ့်

"မျက်ပေတုန်းလေးနဲ့ ငိုယိုနေတာ မျက်နှာတောင် မသစ်ရသေးဘူးပေါ့
မင်းက ညစ်ပတ်အိုးလေးလား ဟမ်"

"ချန်းယောလ်နော်
ဖယ် မျက်နှာသွားသစ်မလို့"

သူက လွှတ်ပေးလိုက်ပေမယ့် ဘတ်ဟျွန်းမျက်နှာ တစ်ခုလုံး ပူထူနေတာ ရေနွေးအိုတည်လို့တောင် ရလောက်ပြီ။

MINE(Completed)Where stories live. Discover now