"ဒါဆို ငါနဲ့ ပတ်သက်တာတွေ ရှိတယ်မလား။
ဖူကျားယွီနဲ့ Rong Yanzhe နှစ်ယောက်စလုံးက အဲဒီနေ့က ငါ့ကိုကိတ်မုန့်ပေးလို့လား ၊ ဒါပေမယ့် မင်းကို အဲ့ဒီမုန့်တွေကိုငါပြန်ပေးနိုင်တယ်ဆိုတာ မင်းသိလား။ ငါသူတို့ကိုဂရုမစိုက်ပါဘူး။ ငါက မင်းကို ပဲဂရုစိုက်တယ်။ မင်းက ငါ့ညီလေး ငါတို့က ရင်းနှီးတဲ့ ညီအစ်ကိုတွေပါ ငါတို့က အပြင်လူတွေကြောင့် သူစိမ်းတွေ မဖြစ်သင့်ဘူး ညီလေး"

မုခိုင် ၏စကားများသည် အဓိပ္ပါယ်မရှိပေ။ အနည်းဆုံးတော့ မုရှောင်ခယ် အတွက် အဓိပ္ပါယ်မရှိဘူး။ ဘာကိတ်မုန့်၊ ဘာအပြင်လူတွေနဲ့ ဘယ်ကို ညီအကိုတွေလဲ၊ *သူငယ်ချင်းထက် ချစ်သူကို ပိုဂရုစိုက်တဲ့ ဦးထုပ်က ရုတ်တရက် သူ့ခေါင်းပေါ် တင်လာတယ်။ သူဒီကိုပြန်မွေးဖွားပြီး ပြန်လှည်ရောက်ရှိလာခဲ့သည်။မုခိုင် က သူ့မိသားစုနဲ့ ကိတ်မုန့်စားပြီး အိမ်ကနေတောင် ထွက်ပြေးသွားတယ်လို့ ပြောခဲ့တာလား?

(* အပြင်လူကြောင့် ညီအစ်ကိုသံယောဇဥ်ကိုအလေးအနက်မထားတော့တာပါ
ဦးထုပ်စိမ်းကို တော့သိတယ်ဟုတ်)

"သူတို့ကို ကျွန်တော် ဂရုမစိုက်သလို ကိတ်မုန့်ကိုလည်း ကျွန်တော် ဂရုမစိုက်ဘူး။ အကိုကြီး၊ ကျွန်တော့်ကို အထင်လွဲနေပြီ ကျွန်တော်တစ်ယောက်တည်းနေချင်ရုံပါပဲ စိတ်လှုပ်ရှားရတာတွေကိုမကြိုက်ဘူး"

"မင်း လျှောက်ပြောမနေနဲ့ မင်းကစိတ်လှုပ်ရှားရတာတွေကိုဘယ်လိုမကြိုက်ပဲနေနိုင်မှာလဲ? မီးရှူးမီးပန်းတွေကြည့်ဖို့အတွက် ငါတို့နောက်လိုက်ခဲ့တာကြောင့် မင်းလမ်းပျောက်လုနီးပါးဖြစ်ခဲ့တယ်။ ငါက မင်းကို ညလုံးပေါက်ရှာခဲ့တဲ့သူပါ မင်းမေ့သွားပြီလား?"

မုရှောင်ခယ် သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ချင်သည်။ ဒီအရာတွေကို မေ့လုနီးပါးဖြစ်နေပြီလို့ သူတကယ်ပဲ ပြောချင်ခဲ့တာပါ၊ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ သူ့ဦးနှောက်က သိပ်မကောင်းတော့ဘူး။ သူမှတ်မိနိုင်တဲ့အရာအားလုံးနီးပါးက သူ့ကို ဘယ်လိုအမှတ်တရတွေဖြစ်ခဲ့သလဲ၊ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေက သူ့ကိုယ်သူ နာကျင်ပြီး မျက်ရည်တွေကျစေပါတယ်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now