ဒီရွှေဆံညှပ်တစ်စုံကို သူ့အမေက လုပ်ခဲ့တာပါ။ Golden Phoenix ရဲ့ အပြည့်စုံဆုံး ပစ္စည်းတစ်ခုဖြစ်အောင်လုပ်ဖို့ သူ့အမေက စတူဒီယိုကနေ တစ်လနီးပါး မထွက်ခဲ့တာကို သူ မှတ်မိနေပါသေးတယ်။

သူသည် ခဏလောက်စဉ်းစားပြီး သူ့ကိုယ်ပိုင်ဆံညှပ်လုပ်လိုက်တယ်။

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ သူ့လက်ကိုင်ဖုန်းသည် ရုတ်တရက် မြည်လာပြီး သူ့လက်များသည်လည်း တုန်လှုပ်သွားသည်။ ပူပြင်းတဲ့ *ကော်gun ရှိကော်ရည်များသည် သူ့လက်ချောင်းထိပ်များကို ထိမိလိုက်ပြီး အပူလောင်ဒဏ်ရာကြောင့် မောဟိုက်လာသည်။

ဒါပေမယ့် ဖုန်းက အဆက်မပြတ် မြည်နေတုန်းပဲ၊ သူက ဖုန်းကို ဖြေဖို့ သူ့ကိရိယာတွေကို ဖယ်လိုက်သည်။

ဗီဒီယိုခေါ်ဆိုမှုကိုကြည့်လိုက်တော့ ထိုသူမှာ သူ၏အစ်ကိုဖြစ်သူ မုခိုင်ဖြစ်နေသည်။

"ငါ မင်းကို မက်ဆေ့ချ် ဆယ်စောင်ကျော် ပို့ခဲ့တယ် မင်းဘာလို့ အဲဒါတွေကို စာမပြန်တာလဲ? မင်းဘယ်မှာလဲ မင်းအိမ်မှာပဲမလား ငါမင်းကိုလာရှာမယ်"

မုရှောင်ခယ်သည် ဖုန်းတင်တဲ့အပေါ်တွင် ဖုန်းကိုတင်လိုက်ပြီးလက်ဟန်ပြဘာသာစကားဖြင့်

"ကျွန်တော် အလုပ်ရှုပ်နေလို့ ဖုန်းလာတာကို သတိမထားမိလိုက်ဘူး"

သို့သော် မုရှောင်ခယ် သည် သူ့မျက်နှာတွင် တောင်းပန်သည့်အမူအရာ များများစားစားမရှိတာကို ဆန့်ကျင်ဘက်ဘက်တွင်ရှိတဲ့ မုခိုင် က ရှင်းရှင်းလင်းလင်းမြင်နေရပါသည်။

မုရှောင်ခယ် သည် သူ၏ အေးစက်သော မျက်နှာကို ဖုံးကွယ်မထားဘဲ

"အစ်ကိုကြီးမှာဘာပြောစရာရှိသေးလဲ ၊ ကျွန်တော်လုပ်စရာရှိသေးလို့"

"ခနလေး မုရှောင်ခယ်!"

"မင်းဘာလိုချင်တာလဲ နွေရာသီအားလပ်ရက်ကတည်းက မင်းငါ့ကို သိပ်ဂရုမစိုက်ခဲ့တာ
ဖူကျားယွီ ကြောင့်လား?"

မုရှောင်ခယ် က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး

"အစ်ကိုကြီး နားလည်မှု လွဲနေပြီ သူများတွေနဲ့ ဘာမှမဆိုင်ဘူး"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now