"အင့်..ကုကီ..ကုကီရေကိုကို့ ကိုကယ်ပါအုံး"

ရေချိုးခန်းထဲကနေ ဟိန်းထွက်နေတဲ့Taehyungအော်သံကို

ခြံထဲမှာခွေးနဲ့ကစားနေတဲ့Jungkookကြားလိုက်ရင်လေလိုအလျှင်နဲ့အိမ်ထဲပြေးဝင်လာသည်။

ငါ့ကိုကိုတစ်ခုခုဖြစ်လို့ကတော့အကုန်လုံးကိုအမှုန့်ကြိတ်ပြစ်မယ်!

စိတ်ထဲကကြွေးကြော်မှု့ကမျက်လုံးတွေမှာပါစူးရှသွားရင်းအပေါ်ထပ်ကTaehyungအခန်းလေးကိုဆွဲဖွင့်တံအခါ သူ့ကိုကိုက ကိုယ်တုံးလုံးလေးဖြင့်လဲနေသည်။

"ကိုကို!ဘာဖြစ်သွားသေးလဲ "

"ဟင့် ကိုကိုလုပ်တာမဟုတ်ဘူးအဲ့ရေချိုးခန်းကချော်နေတာကိုကို့ခါးနာသွားပြီ.."

ခါးနာသွားကြောင်းငိုပြီးတိုင်နေရင် ကို့ကို့စကားသံမှာအာရုံမရှိတော့တဲ့သူ့စိတ်ကနီရဲနေတဲ့တင်ပါးလေးဆီမှာ

ဒါအနရယ်သိပ်များလွန်းလို့ တွေ့ရာဆွဲပြီးခြုံပေးလိုက်ရတယ် ။

"ဒီတိုင်း​ကြီး​​နေလို့မဖြစ်ဘူး​လေအကျီဝတ်ရမယ်ကိုကို"

"ဘလိုလုပ်မလဲကုကီ..ကိုကိုလက်တောင်မမြှောက်နိုင်တော့ဘူး "

လက်မြှောက်လိုက်သည်နှင့် ခါးနဲ့တင်ပါးတစ်လျှောက်ဆိုးဆိုးဝါးဝါးနာသည်မို့မျက်ရည်ပင်ဝိုင်းခနဲ..။သူချော်လဲတုံးကတင်ပါးနဲ့ကျတာလေ ဒီတော့ဖင်ညှောင့်ရိုးမကျိုးတာဘဲကံကောင်း

Jungkookကသူ့ရှေ့မှာအတော်နာကျင်နေပုံရတဲ့ကိုကို့ ကိုကြည့်ပြီးအိမ်အကူတွေနဲ့ အိမ်တော်ထိန်းကိုဆူဖို့တေးထားလိုက်တယ်
နောက်နေ့ကျရင်ကိုကို့ရေချိုးခန်းကိုမချော်အောင်လုပ်ခိုင်းမှ​ဖြစ်​တော့မယ်မဟုတ်ရင်သူ့မက်မွန်သီးလေးမျိုးတုန်းသွားမှဖြင့်

အိမ်အောက်ထပ်မှာ​နေ့လည်စာအတွက်စီမံနေတဲ့အိမ်တော်ထိန်းကြီးမှာအောက်မျက်ခမ်းတွေလှုပ်သွားရသည်...

အသက်တွေကြီးလာတော့မျက်လုံးတွေမကောင်းတော့ဘူးနေမယ် ဆေးခန်းလေးပြအုံးမှ..။

___________

"ကိုကို အရမ်းနာနေသေးလားကျနော်ဆရာဝန်ခေါ်လိုက်မယ်"
.
.
"နေပါစေကိုကိုအဆင်ပြေတယ်မခေါ်နဲ့ "
.
.
"ဘာကိုအဆင်ပြေတာလဲ ဒီလောက်ဖြစ်နေတာကိုအတွင်းထဲမှာတစ်ခုခုဖြစ်နေရင်ဘလိုလုပ်မလဲ ကလေးလိုဆိုးမနေနဲ့ကိုကို"

THE BOY (Completed) Where stories live. Discover now