Jungkookတစ်အိမ်လုံးကိုပတ်ကာရှာနေတာတောင်ကိုကို့ရဲ့အရိပ်အယောင်ပင်မတွေ့ရင်အခြေအနေကတင်းမာစပြုလာလေပြီ...သူ့အနားမှာနေပါလို့ပြောထားရက်နဲ့နားမထောင်ပြန်လေသလား
"အိမ်တော်ထိန်းကြီး... ကိုကို့ ကိုတွေ့မိသေးလား.."
" ခုနက Bamနဲ့ကစားမယ်ဆိုပြီးအပြင်ကိုထွက်သွားပါတယ်သခင်လေး.."
စကားပင်ဆုံးအောင်နားမထောင်လိုက်ချက်ချင်းပင်ခြံပြင်ပြေးထွက်သွားသည်။
အခုတလောသခင်လေးက Taehyung ကိုမျက်စိရှေ့ကပင်အပျောက်မခံတော့ဘဲ အရင်ကထက်ပိုသဲလာလေသည်
သခင်လေးရဲ့အကြောင်းကိုစဥ်းစားမိတော့ သူပြန်တွေးမိတာJeonသခင်လေးရဲ့ငယ်စဥ်ဘဝအကြောင်းတချို့ကို
****
" ဒါငါ့စကားအကုန်ဘဲ မင်းတို့လင်မယားနှစ်ယောက်စလုံး နောက်ကလေးထပ်ယူဖို့စဥ်းစားထား ညဏ်ရည်မမှီတဲ့မင်းတို့သားကိုငါ့မြေးအဖြစ်မသတ်မှတ်နိုင်ဘူး"
Jeonသခင်ကြီးရဲ့အမိန့်ဆန်ဆန်လေသံက အခန်းဝတွင်ခိုးနားထောင်နေတဲ့သူမကိုတောင်ရှိန်စေသည်
သခင်ကြီးရဲ့ အာဏာကိုမလွန်ဆန်နိုင်တဲ့ Jeonလင်မယားနှစ်ယောက်ကတော့ ခေါင်းလေးငုံကာ ဘာမှမပြောကြပေမယ့် သခင်ကြီး ထွက်သွားတဲ့အခါမှာတော့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်အပြစ်တင်နေကြ၏
"ဟင်...ဂျွန်သခင်လေး "
သူမနောက်မှာရပ်နေတဲ့သခင်လေးက လက်သီးကိုတင်းတင်းဆုပ်လျှက်
ဒီမှာသာဆက်နေရင် သခင်ကြီးနဲ့တဲ့တဲ့တိုးမှာမလို့သခင်လေးကိုခေါ်ကာဘေးအခန်းတစ်ခုထဲဝင်နေလိုက်ရသည်။
"ကျမတောင်းပန်ပါတယ် အဲ့လိုကြီးကို့ကို ကိုယ်နာကျင်အောင်မလုပ်ပါနဲ့ "
စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာရတဲ့ကလေးမလို့တခုခုဆို မငိုဘဲသူ့အသားနာအောင်လုပ်လေ့ရှိတဲ့သခင်လေးကလက်ကိုခပ်တင်းတင်းဆုပ်ထားသည်မှာသွေးရောင်ပင်လွှမ်းချေပြီ
"ငိုချင်ရင်ငိုချလိုက်ပါ အဲ့လိုလုပ်နေတာသခင်လေးအတွက်မကောင်းဘူး ကျမပြောတာကိုနားလည်တယ်မလား "