[Unicode]
ဧည့်ခန်းဆိုသည့်နေရာ၌ငြိမ်သက်စွာထိုင်နေရသော်လည်းမျက်လုံးများကဂဏာမငြိမ်ဧည့်ခန်းအခြေအနေကိုတစ်ချက်တစ်ချက်ဝေ့ကြည့်ကာလိုက်လံစူးစမ်းနေမိသည်။
အိမ်တော်ထိန်းဆိုတဲ့အဒေါ်ကြီးသာထိုင်နေဖို့သေချာမှာမသွားရင်သူဒီအိမ်ကိုတစ်ပတ်လောက်တော့ပတ်ပြီးပြီ
လူးချမ်းသာတွေနေတဲ့နေရာကဒီလိုပဲတိတ်ဆိတ်နေတက်တာလား။ နည်းနည်းတော့ကြက်သီးထစရာကောင်းတယ်။
"အာရှ်း..ပျင်းလိုက်တာနော်"
"ရောက်နေပြီပဲကိုယ်အလုပ်ကိစ္စလေးရှိလို့နောက်ကျသွားတယ် "
ရုတ်တရက်နောက်မှာပေါ်လာတဲ့ Mrs.jeonကြောင့်ယောင်ပြီးမဆဲမိတာပဲကံကောင်းသည်။
အနက်ရောင်ကျပ်ဂါဝန်ဝတ်ထားတဲ့ထိုအမျိုးသမီးရဲ့ကိုယ်ပေါ်မှာကျော့ရှင်းစွာ လှပနေပေမယ့် ဒီလိုယုတ်တရက်ကြီးရောက်ချလာတာမျိုးက ထယ်ယောင်းကိုနှလုံးရောဂါရစေသည်။
အာ...ဒီအဒေါ်ကြီးနဲ့ ငါသာအကျောတည့်နေရင်အရမ်းကိုလှတယ်လို့မြင်မိမှာ အခုတော့အေးစိမ့်စိမ့်ခံစားချက်ကြီးက သရဲကားကြည့်နေရသလိုဘဲ
"ရောက်နေတာကြာပြီလား"
တမေ့တမောပျင်းစရာကောင်းစွာနဲ့ထိုင်စောင့်နေရသည်ကိုတော့ပြောမနေတော့ပါ တော်ကြာအခုမှရတဲ့အလုပ်လေးပြုတ်သွားမှထမင်းအိုးကွဲအုံးမည်။
"ဟုတ် ကျနော်ရောက်နေတာအတော်လေးကိုကြာနေပါပြီ "
"အင်း...အရင်ဆုံးမင်းနေရမယ့်အခန်းကိုသွားမလားဒါမှမဟုတ်သားဂျွန်ကိုသွားတွေ့မလားကောင်လေး"
"ကျနော် အရင်ဆုံးအထုပ်အပိုးတွေနေရာချလိုက်ပါအုံးမယ် ။ ဟို..ပြီးမှကလေးနဲ့သွားတွေ့လိုက်ပါ့မယ် "
"အင်းမင်းသဘော...ဒါဆို ငါသွားတော့မယ်အဆင်ပြေပါစေကောင်လေး "
ခုနမှ ရောက်ပြီးအခုထပြန်ဖို့ပြင်နေတဲ့ထိုအဒေါ်ကြီး
အင်း...အလုပ်ကိစ္စရှိလို့နေမှာပေါ့ ငါဖြည့်တွေးပေးလိုက်ပါ့မယ် ငါကစိတ်ထားကောင်းတဲ့နတ်သားလေးပဲကို
![](https://img.wattpad.com/cover/312917449-288-k105014.jpg)