3

7K 688 49
                                    

[Unicode]

"ဘာလို့ကျနော်ထိန်းရမယ့်ကလေးကကျနော့်ထက်လူကောင်ကြ်ီးပြီးကျနော်နဲ့ရွယ်တူဖြစ်နေရတာလဲ Mrs. Jeon ဒီကိစ္စလေးတစ်ချက်လောက်ရှင်းပေးပါ"

ကင်မ်ထယ်ယောင်းသူမလိမ့်တပတ်လုပ်သွားသလိုခံစားရရင် ထိုကလေးမဟုတ်တဲ့ကလေးရဲ့အမေကိုဖုန်းဆက်မေးရခြင်းဖြစ်သည်။

သူ့ရဲ့အဖြစ်ကအနှစ်နှစ်အလလစုဆောင်းထားတဲ့ငွေတွေကိုအလိမ်ခံ လိုက်ရသလိုမျိုး

သူ့မှာတော့ လစာကောင်းတဲ့အလုပ်လေးရပြီ အထင်နဲ့ တစ်လောကလုံးကိုကျေးဇူးတွေတင်လိုက်ရတာ

ပြီးမှ သူထိန်းရမယ့်ကလေးကိုမြင်ရင်

ပိုက်ဆံတွေနဲ့တောင်ခနလောက် အဆက် အသွယ်ပြတ်သွားရသည်.....။

ငါထိန်းရမဲ့ကလေးဆိုတာ သေးသေးကွေး ကွေးနဲ့ ချစ်စရာအရမ်းကောင်းပြီးငါ့ထက်လည်းငယ်နေရမှာမဟုတ်ဘူးလား။

အခုတော့ဘာလို့ကလေးနဲ့တစ်စက်မှမတူတဲ့ ကလေးကြီးလဲ မျက်လုံးဝိုင်းဝိုင်းလေတွေပါတာကလွဲလို့ငါ့ထက်လဲလူ ကောင်ကြီးသေးတယ်။

လောကကြီးရေ....ဒါဘယ်လိုမှားယွင်းမှူ့ ကြီးလဲတုန်း

"အဲ့တော့..ဘာပြသနာရှိလို့လဲ "

အော်....ဘာပြသနာရှိလို့လဲတဲ့

သူမွေးထားတဲ့သားကနို့တိုက်ရမယ့်အရွယ် လဲမဟုတ်သလိုချီပိုးထိန်းကျောင်းရမဲ့အရွယ်လေးလဲမဟုတ်ဘူး ထမင်းခွန့်ကျွေးရမယ့်အရွယ်လဲမဟုတ်နဲ့
ပိုဆိုးသည်က ကစားစရာချပေးပြီးထိုင်ဆော့ခိုင်းလို့မရတာဘဲ

ကဲ အဲ့တာမှပြသနာမဟုတ်ရင်သူ့ကိုသာပြသနာလို့ခေါင်းစဥ်တပ်လိုက်သင့်တယ်။

"ပြသနာကMrs.Jeonသားလေ ကျနော်ထိန်းရမှာကလေးဘုစုခရုလဲမဟုတ်ဘူး ဖင်ပုတ်ပြီးသားချော့တေးဆိုရမယ့်အရွယ်လဲမဟုတ်ဘူး အဲ့တာကိုကျနော်က ဘယ်လိုထိန်းရမှာတုံးMrs.jeon"

"အိုး..ဒါလားလွယ်ပါတယ်။ ဂျွန်ကသူလိုချင်တာမရရင်ဘဲဆိုးတာ လိုချင်တာရရင်ငြိမ်နေကော မင်းအတွက်လွယ်မှာပါကောင်လေး"

အပြောကတော့မနောပဲအဆင်ကိုချောလို့အဲ့လောက်လွယ်ရင်ငါ့ကိုဘာလို့ထိန်းခိုင်းရတာတုန်း

THE BOY (Completed) Where stories live. Discover now