"ဟဲ့ဟိုTaehyungဆိုတဲ့အကိုလေ သူသခင်လေးရဲ့အခန်းထဲကနေပြန်လည်းထွက်မလာသေးဘူးနော် ဘာများဖြစ်နေလဲမသိဘူးမနက်စာပို့ရင်းသွား အကဲခတ်ကြမလား"
Taehyungမနက်စာလာယူဖို့ဆင်းလာနေရင်း မီးဖိုဆောင်ဘက်ကကောင်မလေးတွေရဲ့စကားသံကြောင့်မီးဖိုဆောင်အခန်းနားတွင်ခိုးနားထောင်မိသည်
သူတို့ငါ့အတင်းကိုတုပ်နေတာတော့မဟုတ်ဘူးမလား
"ဟင့်အင်း..မသွားရဲပါဘူးနင်သိချင်ရင်နင့်ဘာသာနင်သွားကြည့်ပါ့လားငါတော့ခေါင်းမကွဲချင်ဘူး "
"ဟာငါလဲမသွားရဲပါဘူးပထမဆုံးအလုပ်ဝင်တဲ့နေ့ကမြင်လိုက်ရတဲ့မြင်ကွင်းကိုအခုထိမျက်လုံးထဲကနေမထွက်ဘူး "
"အေးအဲ့လိုမဖြစ်ချင်ဘူးဆိုရင်စကားမများပဲအလုပ်ကိုသေချာလုပ်တော်ကြာနေနင့်ကိုရိုက်တာသခင်လေးမဟုတ်ဘဲအိမ်တော်ထိန်းဖြစ်နေမယ် "
ထိုကောင်မလေးတွေရဲ့စကားတွေကTaehyung ကိုအတော်လေးအုံးနှောက်စားသွားသည်။
ဘာလည်းဂျွန်ဂျောင်ကုကအဲ့လိုရိုက်တက်တာလားချီး!
အိမ်တော်ထိန်းကကော သူတို့ပြောသလိုဘဲလား။
မီးဖိုဆောင်ဝမှာကုန်းကုန်းကွကွနှင့်ချောင်းနားထောင်နေရင်Taehyungနောက်တွင်အိမ်တော်ထိန်းရောက်နေသည်ကိုပင်သတိမထားမိလိုက်
"ဒါ ဘာလုပ်နေတာလဲ"
"ခိုးနားထောင်နေတာလေ "
ခနငါဒီအသံကိုကြားဖူးနေသလိုပဲ..
what !သေလိုက်ပါတော့အိမ်တော်ထိန်း!အိမ်တော်ထိန်းရဲ့အသံပဲငါတော့ခိုးနားထောင်တာလူမိသွားပြီ။ အဲ့တာကလဲအိမ်တော်ထိန်းဆီမှာတဲ့လား ။
"ဟီး....ဘာမှမလုပ်ပါဘူး မီးဖိုဆောင်လေးကလှလို့ကြည့်နေတာ"
" ခုနကပြောတာတော့ခိုးနားထောင်နေတာဆို"
အရမ်းကြီးမဆီမဆိုင်ဖြစ်နေမှန်သိပေမယ့်အိမ်တော်ထိန်းမျက်နှာကြီးကဘာလို့အဲ့လောက်ကြောက်ဖို့ကောင်းနေပါလိမ့်
ဟိုကောင်မလေးတွေပြောသလိုတော့ ငါ့ကိုမရိုက်လောက်ဘူးမလား ။ အိမ်တော်ထိန်းနဲ့ကောငြိမ်းချမ်းရေးဆွေးနွေးကြည့်ရင်ကောင်းမလား