"ကိုကိုရေ!..ကိုကို "
"ဟမ်"
"နေမကောင်းဘူးလား ကိုကို့မျက်နှာကမလန်းသလိုဘဲ"
ကြည်တောက်တောက်မျက်လုံးဝိုင်းဝိုင်းလေးတွေကအပြစ်ကင်းသလိုမေးလာရင် နာရင်းကိုနှစ်ချက်လောက်အုပ်ပြစ်ချင်သွားသည်။ အဲ့တာမင်းကြောင့်ကွ! ဝဲစားလေးရ!
"ကောင်းပါတယ်ကိုကိုဘာမှမဖြစ်ဘူး "
အဆင်ပြေပါတယ်လို့ပါးစပ်ကပြောပေမယ့်ရင်ထဲမှာတော့သူ့နှလုံးသားလေးကငိုကြွေးနေပြီ
ညကအိပ်မယ်လုပ်တိုင်း"ကိုကို့ ကိုချစ်တယ်"လို့ပြောတဲ့ဝဲစားလေးအသံကနားထဲကနေမထွက်....ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့လုပ်ရင်းမိုးလင်းတဲ့အထိမအိပ်ခဲ့ရတော့လူကမျက်တွင်းဟောက်ပတ်
မဖြစ်တော့ဘူးJeon Jungkookမျက်နှာမြင်ရင်အခြေအနေပိုဆိုးလိမ့်မယ်
"သေချာရဲ့လားကိုကို မှန်းစမ်း"
ပြောရင်းဆိုရင်းနဲ့Jungkookလက်ကသူ့နဖူးပေါ်ကိုအုပ်မိုးလာသည်
မျက်ခုံးလေးကျုံ့ကာအလေးအနက်စဥ်းစားနေပုံကို အနီးကပ်မြင်နေရတဲ့သူ့မှာတော့နှလုံးရပ်ပြီးသေမလိုဘဲ
ရှီးဘား Jeon jungkookကတကယ်ချောတာ..!!!
"ရ...ရပါတယ်ကိုကိုဘာမှမဖြစ်ဘူး..ဟိုအခုမှသတိရတယ် ကိုကိုလုပ်စရာရှိသေးတာဘဲ "
အခုန်မြန်နေတဲ့ရင်အစုံကိုလက်နဲ့အသာဖိရင်းJungkookရင်ခွင်ထဲကနေ ပြေးထွက်လာသည့်တိုင်မျက်နှာကပူနေဆဲ
ရာသီဥတုပူလွန်းတယ်သူရေချိုးမှဖြစ်တော့မယ်...။
အရမ်းပူနေသလိုခံစားရတာကြောင့် ရေအေးပြောင်းချိုးလိုက်တော့မှဘဲအပူတွေတစ်ဝက်လောက်သက်သာသွားသလိုမျိုး
စပ်ပြာလေးတိုက်ကာရေချိုးနေချိန်ဖွင့်ထားတဲ့သီချင်းကကိုယ်အရမ်းကြိုက်တဲ့Run
ရေးအေးအေးတွေကသူ့ကိုယ်တစ်လျှောက်ဖြတ်သန်းသွားရင်းဆပ်ပြာမြုပ်တွေကပါသူ့ကိုပေါ်မှခြေဖဝါးဆီကူးပြောင်းလာရင်လှုပ်ရှာနေတဲ့ကိုယ်လုံးလေးကအရှိန်မထိန်းနိုင်စွာပြစ်လဲတော့သည်။