"မုရှောင်ခယ်! အဲဒါ ဘာကိုဆိုလိုတာလဲ!"

မုရှောင်ခယ် သည် ဆွံ့အနေသည်ကို လူတိုင်းသိသည်၊ ထို့ကြောင့် သူ ဘာမှ မပြောရင် သူ့အားဘယ်သူမှ ဘာမှမလုပ်နိုင်ပါ။

လော်ကျားမင် သည် လူအုပ်ထဲမှ အမြန်ထွက်လာပြီး

"ရှောင်ခယ်၊ အဆင်ပြေရဲ့လား!"

မုရှောင်ခယ် ခေါင်းယမ်းလိုက်သော်လည်း ကင်မရာသည် Cao Chengli နှင့်မုခိုင် ကို ဦးတည်နေသေးသည်။

"စီနီယာ ၊ မင်းကဘာကြောင့် အရမ်းစိတ်ပျက်ဖို့ကောင်းနေရတာလဲ ငါတို့အတန်းက မင်းရဲ့စကားတွေကြောင့် သွေးရူးသွေးတန်းတွေဖြစ်နေပြီ ၊ အခု စီနီယာကလူတွေအများကြီးရှေ့မှာ
ရှောင်ခယ်ကို အရှက်ခွဲချင်နေတာ!  ကောလဟာလတွေ မဖြန့်နိုင်တော့လို့ မင်းတို့က ဒီလိုလုပ်နေကြတာ!"

လော်ကျားမင် သည် မုရှောင်ခယ် ၏ရှေ့တွင်ရပ်နေပြီး အားအင်များစွာနှင့်အတူ သူမသည် Cao Chengli ဆဲဆိုတော့သည်။

တကယ်တော့ မုရှောင်ခယ် က လော်ကျားမင် ကို ဒီစကားတွေကို ပြောပြခဲ့ပြီး မုရှောင်ခယ် က
လော်ကျားမင်ကို  ထမင်းစားဖို့အတွက် Canteen ကို ဖိတ်ခဲ့သည်။

Cao Chengli နှင့် အခြားလူများဟာ ဒေါသကြောင့် နီရဲနေသည်ကိုမြင်တော့ လော်ကျားမင် က မထိန်းနိုင်ဘဲ ပြုံးနေလိုက်သည်။မုရှောင်ခယ် သူမကို ပြောခဲ့တာတွေက တကယ်ကိုသူတို့ကို ထိခိုက်စေခဲ့ပါတယ်။

"ညီမလေး  မင်းက ရှောင်ခယ် ရဲ့ အတန်းဖော်လား? သူ့မှာ မသန်စွမ်းတာတွေရှိနေတော့ မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကို ခံရတာ ရှားတယ်။"

မုခိုင် က တိုးတိုးလေးပြောပေမယ့် သူ့အသံက လူတွေကို အနည်းငယ် စိတ်ရှုပ်စေတယ်။ ဂရုစိုက်တာ မမှန်ဘူးလား?။ အတန်းဖော်တွေက ဂရုမစိုက်ရဘူးလား?

လော်ကျားမင် သည် ထိုစကားကြောင့် ချက်ချင်းပင် ဒေါပွသွားပြီး

"မင်းရဲ့ညီလေးကို တစ်ယောက်ယောက်က ကူညီပေးနိုင်မယ်လို့မင်းမထင်ထားခဲ့ဘူး ဒါပေမဲ့ မထင်ထားပဲ အခြေအနေက မှားနေတာကို မင်းမြင်လိုက်တာနဲ့ သူနဲ့ ငါ့ရဲ့ဆက်ဆံရေးအကြောင်းကို ကောလာဟလတွေ ဖြန့်လိမ့်မယ် ဟုတ်တယ်ဟုတ်? မင်းက တကယ်ပဲ သူ့အကိုကြီးလား! မင်း ညီလေးရဲ့ အမာရွတ်တွေကို လူအများရှေ့မှာ ဘယ်လိုတောင်  ဖော်ထုတ်နိုင်တာလဲ!  မင်းက မိဘတွေအများကြီးရှေ့မှာရှောင်ခယ်ရဲ့ရောဂါအကြောင်းကိုအော်ပြောတယ်။ ကျောင်းအပ်တုန်းက နင်အော်ပြောခဲ့တဲ့အကြောင်းအရာကြောင့် ကျောင်းသားဘယ်နှစ်ယောက်က ရှောင်ခယ်ကို ခွဲခွာသွားလဲဆိုတာသိလား! မင်းအစ်ကိုကြီးက တကယ်ကိုကြောက်စရာကြီး!"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now