ကျိုးရို:" မင်း မစ်စတာမုနဲ့ သိတာလား"

ရှန်ယန်း:"မသိဘူး"

မသိဘူးပေါ့။ ဒါဆို မုရီအန်းက ရှန်ယန်းဆီကိုသွားပြီး ဘာတွေပြောနေခဲ့တာလဲ။ ကျိုးရိုထပ်ပြီးမေးချင်နေသေးပေမယ့် ဒါရိုက်တာကြီးက သူမနဲ့ရှန်ယန်းတို့ကိုခေါ်နေတဲ့အသံကို ကြားလိုက်ရတာကြောင့် ရှန်ယန်းကိုကူညီပြီး အခန်းထဲမှထွက်လာဖို့သာလုပ်ရတော့တယ်။

ရှန်းလုလူရွေးပွဲမှာပါဝင်ရတဲ့ အဖွဲ့ဝင်တွေ၊ဝန်ထမ်းတွေအကုန်လုံးလည်း ထိုနေရာမှာ မတ်တပ်ရပ်နေခဲ့တယ်။ မုရီအန်းကတော့ ပြတင်းပေါင်းဘောင်ကိုမှီပြီး မတ်တပ်ရပ်နေခဲ့ကာ ရှန်ယန်းဝင်လာတာကိုမြင်တော့ အေးစက်စက်လေသံနဲ့ စကားစလာတယ်။

"နာရီဝက်အတွင်း ငါ့ကိုဖြေရှင်းချက်မပေးနိုင်ဘူးဆိုရင် ဒီ TV seriesကို ရိုက်ကူးဖို့ မမျှော်လင့်နဲ့တော့"

ရှန်းလုဒါရိုက်တာမှာ မုရီအန်းက ရှန်ယန်းကိုသိနေလိမ့်မယ်ဆိုတာကိုရော၊ ရှန်ယန်းဒဏ်ရာရသွားတာကိုပါ မသိခဲ့ဘူး။ အခုချိန်မှာတော့ မုရီအန်းက ရှန်ယန်းအတွက် တရားမျှတမှုကို လိုချင်နေပြီး ရှန်ယန်းကိုအနိုင်ကျင့်တဲ့သူကို မရှာနိုင်ခဲ့ရင် ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့မလိုတော့ဘူးလို့ ပြောလာခဲ့ပြီ။ သူ့အနေနဲ့ ယခင်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တုန်းကလည်း မုရီအန်းနဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးတယ်။ ထိုသူက တကယ်ကိုရက်စက်တတ်တဲ့သူဖြစ်ပြီး ရန်သူတစ်ထောင်ကိုအနိုင်ရဖို့အတွက် ကိုယ့်ရဲ့တပ်သားရှစ်ရာကိုအဆုံးရှုံးခံတတ်တဲ့သူမျိုးပဲ။

ရှန်းလုဒါရိုက်တာ:"နာရီဝက်တည်းနဲ့.."

မုရီအန်း:" စောင့်ကြည့်ရေးအဖွဲ့၊ အဝတ်အစားပြင်ဆင်တဲ့အဖွဲ့၊ အားပေးတဲ့အဖွဲ့.. နာရီဝက်ကလုံလောက်နေပြီ"

လော့ရာကတော့ မုရီအန်းရဲ့အမူအယာကြောင့် အော်ငိုလာတော့တယ်။ သူမက အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာတယ်။

"မစ်စတာမု .. မုမိသားစုက ကျွန်မကိုလုပ်ခိုင်းထားတာပါ"

လူအုပ်ကြီးက ချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now