Chapter (67)

2.8K 473 10
                                    

Zawgyi

တေးဂီတသံက ဖြည်းညှင်းစွာစတင်ထွက်ပေါ်လာပြီး လီရှင်းနဲ့ ဝေ့ချန်တို့က စင်ပေါ်မှာ စတင်ကပြဖျော်ဖြေလာတယ်။ နှစ်ယောက်လုံးက ကောင်းမွန်တဲ့အကစွမ်းရည်ရှိတာကြောင့် အရမ်းကိုကောင်းမွန်တဲ့ဖျော်ဖြေမှုဖြစ်မယ်ဆိုတာကို ပြောစရာမလိုပဲသိနိုင်တယ်လေ။ ပရိတ်သတ်တွေကလည်း သူတို့တွေ လီရှင်းကိုvoteပေးမှာဖြစ်ကြောင်း သူမကသာပထမရနိုင်မှာဖြစ်ကြောင်းအော်ပြောလာကြတယ်။

"Ah....... ဝေ့ချန်ကိုပံ့ပိုးမယ် လီရှင်းကိုထောက်ပံ့မယ်... လီရှင်းပဲပထမရစေရမယ်!"

တခြားတစ်ဖက်မှာတော့ ကျိုးရိုတစ်ယောက်ဒွိဟဖြစ်နေတုန်းပဲ ။ သူမအနေနဲ့ လုယွင်ချန်းက ရှန်ယန်းကိုဘာကြောင့်ကူညီတာလဲဆိုပြီး အံ့သြနေပေမယ့်လည်း ဘာကြောင့်လဲဆိုတာကိုတော့မမေးခဲ့ဘူး။ သူက ဝမ်ဖန်းနဲ့ကျန်းရုံတို့ရှိတဲ့နေရာကိုပဲအလိုက်တသိထွက်ခွာသွားခဲ့တယ်။

ဝမ်ဖန်းက ကျန်းရုံ ရှန်ယန်းအတွက်လုပ်လာတဲ့ bannerကို ကူညီပြီး မဆွဲပေးချင်တဲ့အတွက် ကျိုးရိုကိုပဲသူ့အစားဆွဲပေးဖို့အကူအညီတောင်းလိုက်တယ်။

"ကျန်းရုံက ရှန်ယန်းကိုကူညီပေးနေတာလေ တကယ်လို့ငါသာ bannerကိုကူဆွဲပေးလိုက်ရင် ရှန်ယန်းက ငါလုပ်ထားတဲ့ bannerကိုကျန်းရုံကူဆွဲပေးတာလို့ထင်သွားလိမ့်မယ် ဒီတော့ ငါဒီအတိုင်းပဲအားပေးမှာ"

ဝမ်ဖန်း :"...."

ဒါပေမယ့် သေသေချာချာတွေးကြည့်ရင် လုယွင်ချန်းကရှန်ယန်းကို ကူညီပေးချင်နေတာလေ ။ဒီတော့ ရှန်ယန်းကပဲကျိန်းသေပေါက်အနိုင်ရလိမ့်မယ်ဆိုတဲ့အတွေးကြောင့် ကျိုးရိုပျော်ရွှင်စွာပြုံးလိုက်တယ်။

သူမရဲ့မျက်နှာအမူအယာကြောင့် ဝမ်ဖန်းတစ်ယောက် ဘာပြောရမလဲဆိုတာကိုတောင်မသိတော့ဘူး။ ဒီတော့ သူ့အနေနဲ့ဘယ်လိုမှတ်ချက်မျိုးမှထပ်မပေးတော့ဖို့ဆုံးဖြတ်လိုက်တယ်။

ရှန်ယန်းက မကြာခင်မှာပဲဖျော်ဖြေရတော့မှာလေ။ ဒီတော့ သူဘာမှမပြောတော့ဘဲ ကျန်းရုံကိုကူညီပြီး ရှန်ယန်းအတွက်လုပ်ထားတဲ့ bannerကိုဝိုင်းဆွဲပေးလိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now