Chapter (27)

7.1K 1K 25
                                    

Zawgyi

Chapter 27

Zheng Rou ကဒီတစ်ခေါက်လူရွေးပွဲမှာ သေချာပေါက်အနိုင်ရခဲ့မယ်လို့မျှော်လင့်ထားခဲ့တဲ့အတွက် အရမ်းကိုစိတ်ဓာတ်ကျသွားခဲ့တယ်။ မထင်မှတ်ဘဲ သူမမှာလူရွေးပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်တောင် အခွင့်အရေးမရလိုက်ဘူးလေ ။

သူမရဲ့အေးဂျင့်က ညစာစားပွဲကိုလာဖို့ မေးနေခဲ့ပေမယ့် သူမအနေနဲ့ အဲဒီကိုသွားဖို့နည်းနည်းရှက်ရွံ့နေခဲ့တယ်။ သူမက သူမရဲ့အေးဂျင့်ကို လူရွေးပွဲကိုဝင်ရောက်မပြိုင်လိုက်ရတဲ့အကြောင်းပြောချင်ပေမယ့် လူကိုယ်တိုင်ပြောတာကပိုပြီးကောင်းလိမ့်မယ်လို့တွေးလိုက်မိတယ်။

နောက်ပြီး သူတို့တွေကနာမည်မရှိတဲ့ အနုပညာရှင်လေးတွေလေ။ Zheng Rou ကလည်းပဲ Shen Yanကိုမျိုးပဲ  သူမရဲ့ အေးဂျင့်ကို ကျေးဇူးတင်ကြောင်းပြောပြီး တောင်းပန်ရန်သွားဖို့ပြင်လိုက်တယ်။

Zheng Rouက အဲဒီအကြောင်းကိုတွေးပြီးနောက် ပြန်ဖို့အတွက်ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ရပ်တန့်လိုက်ပြီး သူမရဲ့လက်ထောက်ကိုမေးလိုက်တယ်။

"အခုလူရွေးပွဲမှာ ဘယ်အနုပညာရှင်ကအရွေးခံလိုက်ရတာလဲ "

"No.8 Shen Yan"

Shen Yan?

Zheng Rou  အရင်တုန်းက အဲဒီနာမည်ကိုတစ်ခါမှမကြားခဲ့ဖူးဘူး ။ ဒါက နောက်ခံအင်အားတောင့်တင်းတဲ့ အသစ်တစ်ယောက်ဖြစ်ရမယ်လို့တွေးမိတာကြောင့် Zheng Rou စိတ်သက်သာရာရသလိုခံစားလိုက်ရတယ်။

Shen Yan ကတော့ Meng Yi'an ရင်းနီးမြှပ်နှံထားတဲ့ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ရမယ့်အရေးကို စိုးရိမ်ပူပန်နေတာကြောင့် ဖြေးညှင်းစွာပဲလမ်းလျှောက်လာခဲ့တယ်။

သူမက Meng Yi'an နှိပ်စက်မယ့်အရေးက လွတ်မြောက်နိုင်မယ့်နည်းလမ်းတွေကိုတွေးတောနေခဲ့တာ။ ဥပမာ Meng Yi'an က သူမကိုရေထဲခုန်ချခိုင်းတာမျိုး ၊လေပေါ်မှာတွဲလောင်းချိတ်ထားတာမျိုး၊ တစ်ယောက်ယောက်ကိုရိုက်ခိုင်းတာမျိုးတွေလုပ်နိုင်တယ်လေ။

တွေနေရင်းနဲ့ပဲ Shen Yanအရင်ဘဝကအကြောင်းကို စဉ်းစားမိသွားတယ်

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now