chapter (4)

9K 1.1K 19
                                    

Zawgyi

Chapter 4 - ဇာတ်ကောင်ကိုဘယ်သူရသွားတာလဲ (1)

ရှန်ယန် သူမ၏စကတ်ကြောင့် သူမလုပ်ရမည့်အစီအစဉ်ကိုယာယီပြောင်းလဲလိုက်ရတယ် ။ သူမရဲ့အေးဂျင့်ကိုသွားမတွေ့ခင်မှာ အဝတ်စားအရင်လဲလိုက်တာကောင်းလိမ့်မယ် ။ ကံကောင်းထောက်မစွာနဲ့ XingKong Entertainment က သူမရဲ့နေအိမ်နဲ့ သိပ်ပြီးကွာဝေးခြင်းမရှိဘူး။

ကားထဲမှာထိုင်နေရင်း ရှန်ယန်းကသူမရဲ့စကပ်အစွန်းနားကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ် ။မုရီအန်းသူမကိုတော်တော်မုန်းနေတဲ့ပုံပဲ ။ ဒီအတိုင်းသာဆို နောက်ပိုင်း သူပေးထားတဲ့ပစ္စည်းတွေကို ဆက်ပြီးသုံးစွဲဖို့တာ မသင့်တော်တော့ဘူး ။

ရှန်ယန်းက ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာမှမတွေးခဲ့မိဘူး ။ သူမအနေနဲ့ မနေ့ကမှပြန်လည်မွေးဖွားလာခဲ့ပြီး လုပ်စရာတွေ များနေခဲ့တာကြောင့် ကျန်တဲ့အရာတွေကိုသူမမေ့သွားခဲ့တာပဲဖြစ်တယ် ။ ဒါမှမဟုတ် ရှန်ယန်းက မုရီအန်းနဲ့ပတ်သက်ပြီး ဘာမှမတွေးထားမိတာကြောင့်လို့ပြောရင် ပိုပြီးမှန်လိမ့်မယ် ။ သူမသာ မုရီအန်းအကြောင်းတွေးနေမိတုန်းပဲဆိုရင် ထိုဝတ်စုံက မုရီအန်းပေးခဲ့တဲ့ဝတ်စုံဆိုတာကို မမှတ်မိဘဲနေမည်မဟုတ်ဘူးလေ ။

အရင်ဘဝတုန်းက မုရီအန်းပေးခဲ့တဲ့အရာမှန်သမျှကို သူမတန်ဖိုးထားခဲ့တယ် ။ မုရီးအန်းနဲ့ လမ်းခွဲပြီးချိန်မှာတော့ သူပေးထားတဲ့အဝတ်အစားတွေကို သူမထုတ်တောင်မကြည့်ဖြစ်ခဲ့တော့ဘူး ။

သူမဒီနေ့အတွက်အလုပ်တွေပြီးသွားလို့ပြန်ရောက်ရင်တော့ ထိုပစ္စည်းတွေအားလုံးကိုထုပ်ပိုးပြီး လှူဒါန်းပစ်တာကောင်းလိမ့်မယ် ။

ရှန်ယန်းထိုအကြောင်းကိုတွေးနေရင်း ကားပေါ်မှာပင်အိပ်ပျော်သွားခဲ့သည် ။

လူရွေးပွဲနေရာတွင်....., ဟဲဟန်က သူမလိုချင်တဲ့ ရှန်ယန်းရဲ့ စိတ်နေစိတ်ထားပုံစံအတိုင်း လမ်းလျှောက်ကာအစမ်းလေ့ကျင့်နေပေမဲ့လည်း ရှန်ယန်းတောင်အရွေးမခံရဘူးလို့တွေးလိုက်မိတဲ့အခါမှာတော့ သူမယုံကြည်မှုအနည်းငယ်ပျောက်သွားရတယ်။ ရှန်ယန်တောင်အရွေးမခံရခဲ့ဘူး ။ သူမကရော ရှန်ယန်ရဲ့ပုံစံအတိုင်းလေ့ကျင့်ပြီးလူရွေးပွဲဝင်ဖြေရင် အောင်မြင်နိုင်ပါ့မလား?။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now