Chapter (57)

3.5K 502 11
                                    

Zawgyi

ချက်ကျလက်ကျတွေးကြည့်မယ်ဆိုရင် သူမ သံသယဝင်သင့်တဲ့လူဆိုပြီး များများစားစားရှိမနေဘူး ။ ဘာလို့လဲဆိုတော့ ရှန်ယန်းကိုပြိုင်ပွဲမှာရှုံးနိမ့်စေချင်တယ်ဆိုတဲ့အဓိပ္ပာယ်က ပြိုင်ပွဲမှာလူတစ်ယောက်လျော့ပါးသွားစေရုံပဲဖြစ်သွားနိုင်မှာလေ။

ဒီတော့ သူမတို့အနေနဲ့ ကျန်းရုံနှင့် အမျိုးသားပြိုင်ပွဲဝင်တွေကိုဘေးဖယ်လိုက်မယ်ဆိုရင် ပြိုင်ပွဲမှာကျန်ရစ်ခဲ့မယ့်လူ31ယောက်ကိုတွေးတောဖို့လိုအပ်တယ် ။

နောက်ထပ် မသေချာတာတစ်ခုကတော့ အဲဒီပုဂ္ဂိုလ်က ရှန်ယန်းကို အရံသရုပ်ဆောင်တွေနေရာကိုပါ ရွေးချယ်မခံရစေချင်တာလား ။ နောက်တစ်နည်းဆိုရရင် ရှန်ယန်းအနေနဲ့ လုံးဝကိုအခွင့်အရေးမရနိုင်သလောက်ရှိသွားတဲ့ အခြေအနေမှာ ဖျော်ဖြေပြီးတဲ့နောက် ပထမနေရာကိုရရှိခဲ့တာကြောင့် အထုတ်ပယ်ခံရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလေ။

တစ်ဖက်မှ ကျိုးရိုကလည်း ရှန်ယန်းအတိုင်းတွေးတောမိတာကြောင့် စကားဆိုလာခဲ့တယ်။

"မင်းကိုဖယ်လိုက်ပြီး ပြိုင်ပွဲရဲ့ထိပ်ဆုံးသုံးနေရာမှာရှိတဲ့အမျိုးသမီးပြိုင်ပွဲဝင်တွေ ___ နောက်ထပ်ရက်နည်းနည်းကြာရင် ငါမင်းဆီကို အချက်အလက်တွေပို့ပေးလိုက်မယ်"

ရှန်ယန်းက ဒီလောကထဲမှာရှိနေတဲ့တစ်စုံတစ်ယောက်အကြောင်းကိုဖြတ်ခနဲတွေးမိသွားတယ် ။ ထိုအမျိုးသမီးရဲ့ပရိသတ်တွေက (100,000)လောက်အထိရောက်ခဲ့ပြီး လက်ရှိမှာတော့ (300,00)သာကျန်ရှိနေတော့တာလေ။

ရင်းနီးမြှပ်နှံသူအများအပြားက ရှန်ယန်းကိုသူတို့ရဲ့ထောက်ခံသူဖြစ်လာစေချင်ကြတယ်။ ဘာလို့လဲဆိုတော့ သူမကအနည်းငယ်ဈေးပေါပေမယ့် (အနုပညာကြေးက နည်းပါးပေမယ့်) လူသိများနေပြီလေ။

ရှန်ယန်း ထောက်ခံချက်အတွက်ပို့ပေးလာတဲ့အချက်အလက်တွေကိုကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ အရည်အသွေးကောင်းမွန်တဲ့ထုတ်ကုန်ဖြစ်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ လူသိများတဲ့ maskတို့ကိုရွေးချယ်လိုက်တယ်။

ကြေညာခအတွက် ရရှိမယ့်ငွေကြေးတွေကတော့ အဆင်ပြေတယ်လို့ဆိုနိုင်ပေမယ့် ကြားထဲကပွဲစားတွေကိုပါပေးရသေးတဲ့အတွက် သိပ်ပြီးများလွန်းတာတော့မဟုတ်ဘူး ။ ရှန်ယန်းက အဲဒီပိုက်ဆံတွေကိုသူမရဲ့ပုံမှန်အသုံးစရိတ်အတွက်ထားဖို့စီစဉ်လိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now