Chapter (85).

1.6K 254 6
                                    

Unicode

လုယွင်ချန်းက ဂုဏ်သိက္ခာကြီးမားတဲ့ ကျောက်စိမ်းလုလင်ပျိုတစ်ယောက်လိုမျိုး သူ့အင်္ကျီလက်စကို ပြန်လည်ဆွဲယူလိုက်တယ်။

"သူသာ ငါနဲ့အတူ အတင်းအဖျင်းထွက်စေချင်ရင် သူဘက်ကတောင် စပြောနေစရာမလိုဘူး"

(T/n_ လုကောကတော့ အိုင်တို့ရဲ့ MCဆီမှာ တကယ်ကြီးကျရှုံးသွားပါပြီ QvQ)

လုယွင်ချန်း ကျောခိုင်းပြီး ဟိုတယ်ထဲသို့ဝင်သွားချိန်မှာတော့ ဟဲရှီတစ်ယောက်ပြောစရာစကားကင်းမဲ့စွာနဲ့ရပ်ကျန်နေခဲ့တော့တယ်။

ကျိုးရို ကားပြတင်းပေါက်ကိုပြန်ပိတ်လိုက်ပြီး ရှန်ယန်းကိုစိုက်ကြည့်လိုက်ပေမဲ့ ဘာမှတော့ပြောမလာခဲ့ဘူး။ သူမက ရှန်ယန်းကားထဲမှ ထွက်ခါနီးမှသာလျှင် စပြောလာတယ်။

"တကယ်တော့ မင်းချစ်သူထားချင်တယ်ဆိုရင် လုယွင်ချန်းကမဆိုးဘူး"

ရှန်ယန်း ရယ်မောလိုက်တယ်။

"အစ်မကျိုး .. ပိုက်ဆံရှာတာက ပိုမကောင်းဘူးလား"

ကျိုးရိုရဲ့ပါးစပ်ကလှုပ်သွားပေမဲ့ ဘာမှမပြောတော့ဘဲ ကားပေါ်မှဆင်းလိုက်တယ်။

ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို သေချာမပြောနိုင်ပေမဲ့ ဟဲရှီရဲ့ကိုယ်ရည်ကိုယ်သွေးတွေက ယခင်ဘဝကနဲ့မတူညီသယောင် ရှန်ယန်းခံစားရတယ်။ လုယွင်ချန်းနဲ့တွေ့တဲ့အချိန်မှာ သူမက ရှက်ရွံ့ပြီးတုန်ယင်နေခဲ့တယ်။ ဖြစ်နိင်တာက လုယွင်ချန်းနဲ့ သူမ(ရှန်ယန်း)က နီးကပ်နေခဲ့ပြီး လုယွင်ချန်း သူမကိုကောင်းကောင်းဆက်ဆံပေးတဲ့အေပါ်မှာ ဒေါသထွက်နေလို့များလား။

ခြေလှမ်းအနည်းငယ်လောက်လှမ်းပြီးချိန်မှာ ရှန်ယန်းရဲ့ခြေလှမ်းတွေက ရုပ်တရက်ရပ်တန့်သွားတယ်။

သူမက သူ(ရှန်ယန်း)လိုမျိုး ပြန်လည်မွေးဖွားလာတာဖြစ်နိုင်မလား။ မဟုတ်ရင် ဘာကြောင့်များဒီလောက်ထိ နက်နက်ရှိုင်းရှိုင်းသိနေနိုင်ပါ့မလဲ။ ဒီလိုသာမဟုတ်ရင် အဲဒီတစ်ယောက်က အကြံအစည်ကြီးမားပြီး အရာရာတိုင်းကိုတွက်ချက်တတ်တဲ့သူပဲ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now