ချန်းယောလ်အသံက တဖြေးဖြေး အေးစက်လာသလို လေထုကပါ ထုံထိုင်းလာတယ်။ ချန်းယောလ်ရဲ့ စိတ်ရှုပ်မှု level ဘယ်လောက်မြင့်နေလဲ အတတ်သိနေလောက်တဲ့အထိ။
ဒါပေမယ့်လဲ ဘတ်ဟျွန်း နည်းနည်းလေး အထွန့်တက်ချင်တဲ့ စိတ်အခံကြောင့်..

"ဒါပေမယ့်လဲ.."

"ဘတ်ဟျွန်း"

ချန်းယောလ်က လက်ထဲက ကိုလာဘူးကို ဖြစ်ညစ်ရင်း ဘတ်ဟျွန်းနာမည်ကို အံကြိတ်ခေါ်လာတယ်။ ဘတ်ဟျွန်း အနည်းငယ် ကြောက်လာသလိုပဲ။ ချန်းယောလ် ဒီလေါက်ထိ ဒေါသထွက်ဖူးတာ အဖေဆုံးတဲ့ နေ့တုန်းကသာ တွေ့ဖူးသည်။ ဒါပေမယ့် ဒီတစ်ခေါက်က ဘာမှ စိတ်ဆိုး ဒေါသထွက်စရာမှ မရှိပဲနဲ့။

လိမ်ကောက်သွားတဲ့ ကိုလာဘူးဟာ ချန်းယောလ်ဒေါသကြောင့် ပစ်ပေါက်ခံလိုက်ရပြီးနောက်မှာ ဘတ်ဟျွန်း ပုခုံးနှစ်ဖက် တင်းနေအောင် ဆုပ်ကိုင်ခံလိုက်ရတယ်။

"ထပ်ပြောကြည့်စမ်း
သတ္တိရှိရင် ရည်းစားထားဖို့ စကားထပ်ပြောကြည့်လိုက် ဘတ်ဟျွန်း "

"ငါက ...ဒီအတိုင်းပဲ ပြောလိုက်တာကို"

"စနောက်ပြီးတောင် မပြောနဲ့
နားလည်လား"

"အွန်း"

ဖြေလျော့သွားတဲ့ ပုခုံးတွေ လွတ်လပ်သွားပြီးနောက်မှာ ချန်းယောလ်က ဘတ်ဟျွန်းကိုချန်လို့ ခြေလှမ်းကျဲကြီးတွေနဲ့ အရင်ထွက်သွားတယ်။
ဘတ်ဟျွန်းတစ်ယောက်တည်းသာ နားမလည်မှုတွေနဲ့ အားကစားကွင်းထဲမှာ တစ်ယောက်တည်း။

အကြောင်းခံက ကျောင်းတက်ခေါင်းလောင်းသံ မကြားမိလိုက်လို့..

အားရှိသမျှ အကုန်သုံးပြီးပြေးနေပေမယ့် ဆရာက အတန်းထဲ ဝင်နှင့်နေပြီးပြီ။
ပြီးတော့ အတန်းဝမှာ ကျောမှီပြီး ခြေနှစ်ဖက်ချိတ်ရပ်နေတဲ့ ပတ်ချန်းယောလ်။

"ချန်းယောလ်...
မင်းရော နောက်ကျတာလား"

"အင်း"

************

နောက်ရက်ကျောင်းတက်ရက်တွေမှာ ဘတ်ဟျွန်းဆီမှာ ထူးဆန်းအရာတစ်ခု ကြုံလာခဲ့တယ်။ အဲ့တာကတော့ အရင်နေ့က ကိုလာဘူးပေးတဲ့ ကောင်မလေးက ဘတ်ဟျွန်းကို လမ်းမှာ အမှတ်တမဲ့တွေ့ရင်တောင် ရှောင်ပြေးသွားတာပဲ။ ဘတ်ဟျွန်းနားမလည်နိုင်ဖြစ်ခဲ့ရပေမယ့်လည်း အရေးတယူလုပ်မနေပါဘူး။ ဘာလို့ဆို အထူးတလည်စိတ်ဝင်စားရလောက်အောင် အဲ့ဒီကောင်မလေးကို ဘတ်ဟျွန်က သဘောကျမနေခဲ့ဘူးလေ။ နောက်ပြီး ချန်းယောလ် ရည်းစားစထားလာတာပါပဲ။ အရင်က အီစကလီအဆင့်လောက်ပေမယ့် အဲ့ဒီနေါက်နေ့က စပြီး ချန်းယောလ်က ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲတယ်။ ပြီးတော့ သူသွားတဲ့နောက် တကောက်ကောက်လိုက်ရသူက ဘတ်ဟျွန်းပါပဲ။

MINE(Completed)Where stories live. Discover now