အိမ်ပြင်ကို လှမ်းထွက်မလို့ ပြင်လိုက်တဲ့ ခြေလှမ်းဟာ အဲ့ဒီအသံမှာ သံမှိုရိုက်လိုက်သလို ရပ်တန့်သွားတယ်။ ဘာစွဲအားတွေနဲ့မို့လို့လဲ ။

"ဘတ်ဟျွန်း သူ့ကို ကျွန်တော့်ကိုပေးပါ"

ဒါကိုပဲ သူက ထပ်ပြောလာတယ်။ တိတ်ဆိတ်နေတဲ့ ညရဲ့ အသံမှာ ပုရစ်သံတစ်ချို့ကလွဲလို့ ဘာမှမရှိ။

"မင်းက ဘယ်သူလဲ..
ဘာမို့လို့ ဘတ်ဟျွန်းကို အဲ့ဒီလိုတောင်းရတာလဲ"

ဉီးလေးဆိုသူရဲ့ အသံဟာ အနည်းငယိအကျဉ်းတန်းစွာ ထွက်လာတယ်။

"ဉီးလေးကြီးတို့လဲ အခု ဘတ်ဟျွန်းကို မလိုချင်လို့ စကားများနေကြတာမလား
ကျွန်တော်လိုချင်တယ် ကျွန်တော့်ကိုပေးပါ..."

"ဒီမှါ ကလေး.."

"ကျောင်း နေစရာအိမ် ထမင်း
ပြီးတော့ ဒီအိမ် အထိ
အကုန်လုံး စောက်ရှောက်ပေးနိုင်ဖို့ ယုံကြည်ချက်ရှိတယ်"

ဒေါ်လေးစကားကို ကြားဖြတ်ပြောလိုက်တဲ့ လေသံဟာ အတက်အကျမရှိ။ တွန့်ဆုတ်မှု အနည်းငယ်လေးတောင် မရှိ။

"မင်းမိဘ တွေရော သိလား ဒီအကြောင်းကို"

"မိဘတွေက မဟုတ်ပဲ ဘတ်ဟျွန်းကို ကျွန်တော်က စောက်ရှောက်မှာပါ..."

ထိုစကားသံ အဆုံးမှာ ချန်းယောလ်က နံရံအကွယ်က ဘတ်ဟျွန်းလက်ကို ဆွဲထုတ်ကာ ခေါ်လာတယ်။ ဘတ်ဟျွန်း ငြင်းဆိုခြင်းလဲ မရှိခဲ့သလို သဘောတူမှုလဲ မပြခဲ့ဘူး။ ရှေ့နားကျော်သွကာမှ ချန်းယောလ်က ဉီးလေနဲ့ အဒေါ်ရပ်နေတဲ့ဆီ တည့်တည့်လှည့်ကာ..

"ပြီးတော့ ဒီအိမ်
စိတ်နဲ့တောင် မပြစ်မှားနဲ့ ကျွန်တော့်အဖေက ရှေ့နေမို့ ဒီအိမ်ကို ဘတ်ဟျွနမသိပဲ ရောင်းစားထားရင် အဲ့ဒီအခါ တရားရုံးမှာ တွေ့ရလိမ့်မယ်"

ဘတ်ဟျွန်းက ဒီအတိုင်း ထပ်ပါသွားပြန်တယ်။ ဘတ်ဟျွန်း ဖိနပ်တောင် မပါဘူး။ မလွှတ်တမ်း ဖမ်းဆုပ်ခဲ့တဲ့ အဲ့ဒီလက်ကောက်ဝတ် ဘတ်ဟျွန်းကတော့ အဲ့ဒီနီရဲနေတဲ့ လက်ကောက်ဝတ်ဆီသာ အာရုံရောက်နေတယ်။ ချန်းယောလ်ရဲ့ လက်ဖျံတွေဟာ သွေးကြောတွေ ထင်းနေအောင် ထိုးထောင် ထွက်နေသလိုပဲ။ စိမ်းမြနေတဲ့ ထိုသွေးကြောတွေရဲ့ အောက်မှာ ဘတ်ဟျွန်းလက်ကလေး နစ်ဝင်နေတယ်။

MINE(Completed)Where stories live. Discover now