📨 ဒီနေ့မောင့်ကိုမဆက်သွယ်ဖြစ်လို့တောင်းပန်ပါတယ်... မနက်ဖြန် မောင်ခရီးသွားရမှာမလား...
နှောင်းရောမောင်ရော ခရီးကပြန်ရောက်မှ အေးဆေးစကားပြောကြတာပေါ့... ဒီကြားထဲအချိန်ယူပြီး
နှောင်းတို့ရှေ့ဆက်သင့် မဆက်သင့်ကို စဉ်းစားကြတာပေါ့ Have a safe flight 📨
စာပို့ပြီးတာနဲ့ Tablet ကို ပိတ်ကာ ကုတင်ပေါ်ပြန်တင်လိုက်ပြီး နှောင်းလည်း လှဲချကာ နဖူးပေါ်လက်တင်ပြီး မျက်လုံးစုံမှိတ်ထားလိုက်သည်။ နှောင်းကိုယ်တိုင်လည်း ရှေ့ဆက်ဘာဆက်လုပ်ရမလဲဆိုတာကို သေချာစဉ်းစားရမည်ဖြစ်သည်။
💕💕💕💕💕
တစ်ဖက်တွင်တော့ စေ့မှာ ကားကိုအကြမ်းပတမ်းမောင်းပြီး ခြဲထဲမှာဖြစ်သလိုရပ်ကာ အိမ်ထဲကို ဒေါသတကြီးဝင်လာသည်။ ဆိုဖာမှာထိုင်ကာ ဖုန်းထဲက Message ကို အကြိမ်ကြိမ်ပြန်ဖတ်ကြည့်ပြီး
"ရှေ့ဆက်သင့် မဆက်သင့် စဉ်းစားရအောင် ဟုတ်လား "မ"... ကျွန်တော့်အချစ်တွေကို ဘယ်လိုတောင် ပျက်ရယ်ပြုရက်ရတာလဲ... ဟာကွာ"
ဒေါသတကြီးနဲ့ ဆိုဖာကို ခြေထောက်နှင့်ပိတ်ကန်ပစ်လိုက်သည်။ ရင်ပူတာကို သက်သာအောင် ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးကိုယူကာ ဖန်ခွက်ထဲ
မထည့်တော့ဘဲ ဒီအတိုင်းမော့ချပလိုက်သည်။ မျက်လုံးထဲက မထွက်တဲ့ မြင်ကွင်းကြောင့် ရေခဲရေသောက်ပြီး ရင်ပူတာကို ငြိမ်းသတ်ပေမယ့် မရ။
တမနက်လုံး ဖုန်းလည်းမဆက်တာမို့ မနေနိုင်တဲ့ စေကပဲ ဖုန်းကိုထပ်ခါထပ်ခါခေါ်နေပေမယ့် စက်ပိတ်ထားတာချည်းနဲ့ပဲတိုးနေတာကြောင့် စိတ်ဆိုးတာထက် စိတ်ပူတာကပိုနေပြီး "မ"တိုက်ခန်းအောက်နားမှာ မယောင်မလည်နဲ့ ကားရပ်ကာစောင့်ကြည့်နေတုန်း "မ"အခန်း ဝရံတာမှာ ပေါ်လာတဲ့သူကြောင့် စေ့မှာ သွေးနားထင်ရောက်သွားရသည်။
ဘာလို့သူက "မ"တိုက်ခန်း ဝရံတာမှာ ရှိနေရတာလဲ... "မ"ကရော... အတွေးမဆုံးခင်မှာပဲ "မ"မျက်နှာလေးကို ပြတင်းပေါက်ဘက်မှာ မြင်လိုက်ရတာမို့ ဆက်မကြည့်နိုင်တော့ဘဲ ထိုနေရာကနေ ကားကိုမောင်းလာလိုက်သည်။ ကန်ဘောင်မှာ ကားကိုရပ်ထားပြီး ရှုပ်နေတဲ့စိတ်တွေ ရင်ဘတ်ထဲကနာကျင်မှုတွေ ပြေပျောက်လို ပြေပျောက်ငြား လတ်ဆတ်တဲ့လေကို အဝရှုပြီး ခဏတာစိတ်ဖြေကြည့်ပေမယ့် အဆင်မပြေတာကြောင့် အိမ်ကိုသာပြန်လာလိုက်သည်။ အိမ်နားရောက်ခါနီးမှာပဲ IG ကနေ ဝင်လာတဲ့ ဖုန်းခေါ်မှုကြောင့် ထိတ်ခနဲပျော်သွားပေမယ့် စိတ်ကိုတင်းကာ မကိုင်ဘဲနေလိုက်သည်။ ၃ခါလုံးဆက်တိုက်ခေါ်နေတာကို လျစ်လျူရှုကာ ၄ခါမြောက်ကျရင်တော့ ကိုင်လိုက်မယ်ဆိုပြီး တွေးထားတာမှ ဖုန်းခေါ်ဆိုမှုမဟုတ်ဘဲ စာပဲပို့လာတာမို့ ဖတ်ကြည့်လိုက်ပြီး ဒေါသတွေထွက်ကာ ကားကို ဘယ်လိုအရှိန်နဲ့ အိမ်ထိမောင်းလာမိလဲ မသိပေ။
💕Hpa An Trip💕
Depuis le début
