"ဒါပေါ့ဟ... အာ့ကြောင့် နင်အဆောင်ငှားဖို့လည်း စဉ်းစားမနေနဲ့... ငါနဲ့ပဲအတူနေ... အခန်းကျဉ်းမယ်ထင်ရင် ငါတို့ဒီလမ်းထဲမှာပဲ တိုက်ခန်းတစ်ခုရှာကြမယ်လေ"
"ရပါတယ် ငါတို့ဒီမှာပဲနေကြတာပေါ့"
"ကဲပါ လောလောဆယ်နားကြရအောင်... ညနေ တီမြိုင်တို့လာမှ ညစာစားရမှာ"
"အင်း"
စိတ်မောလူမောတွေဖြစ်ခဲ့ကြလို့ထင်တယ် နှစ်ယောက်သား အိပ်ပျော်သွားတာ နိုးတော့ နေ့လည်၃နာရီတောင်ထိုးနေပြီဖြစ်သည်။ တီမြိုင်ကဖုန်းဆက်နေတာကြောင့် လင်းကဖုန်းကိုင်လိုက်ပြီး တီမြိုင်နဲ့ဖုန်းပြောနေရင်း နှောင်းကိုလှည့်ကြည့်ကာ
"နှောင်းရေ တီမြိုင်က ဘာစားချင်လဲတဲ့"
"ဟီး ချိုချဉ်ကြော်လို့"
"တီမြိုင်ရေ ချိုချဉ်ကြော်တဲ့... ဟုတ် ဟုတ်... ဒါပဲနော်"
ဖုန်းချပြီးတာနဲ့ လင်းက
"နှောင်း ရေချိုးဦးမလား... ငါလုပ်ပေးမယ်လေ"
လက်ကဒဏ်ရာနဲ့ခြေထောက်ကပတ်တီးတွေကြောင့် တကယ်ဒုက္ခရောက်ခဲ့တာ လင်းလား နှောင်းလားတောင် မသိတော့ပါ။
"ငါ နောက်မှ ကိုယ်လက်ဆေးလိုက်မယ်... နင်ချိုးချင် အရင်ချိုးနှင့်လေ"
"အေး အာ့ဆို ငါအရင်ချိုးလိုက်မယ်နော်"
"အင်း အေးနေပြီနော် မြန်မြန်ချိုး"
"အိုခေ"
လင်းရေချိုးခန်းထဲဝင်သွားတာနဲ့ နှောင်းမှာ ကုတင်ပေါ်တင်ထားတဲ့ လင်းရဲ့ဖုန်းကိုကြည့်ပြီး မောင့်ကိုသတိရသွားသည်။ ဘုရားရေ... နှောင်း မောင့်ဆီဖုန်းမဆက်ရသေးပါလား။ ဒုက္ခပဲ။
စားပွဲပေါ်က Tablet ကို ယူကာ IG ကို ဖွင့်လိုက်သည်။ မောင့်အကောင့်ကို ကြည့်ပြီး ဘာပြောလို့ပြောရမှန်းမသိ။ စာဘယ်လိုပို့ရင်ကောင်းမလဲ။ ဒီနေ့နှောင်းမလာဖြစ်လို့ တောင်းပန်ပါတယ်လို့ပြောရမလား။ မောင်အရမ်းစိတ်ဆိုးနေမယ်ထင်တယ်။
အကောင့်ကနေပဲ ဖုန်းခေါ်ကြည့်တော့ မောင့်ဘက်က
မကိုင်။ ၃ခါခေါ်ကြည့်တာ မောင်က Online ဖြစ်နေရက်နဲ့ ဖုန်းမကိုင်တာကြောင့် နှောင်းကိုစိတ်ဆိုးနေတာ သေချာသွားပြီဖြစ်သည်။ ဒါကြောင့် နှောင်းဘက်က စာတစ်စောင်သာပို့ထားလိုက်တော့သည်။
💕Hpa An Trip💕
Comenzar desde el principio
