💕Hpa An Trip💕

Start from the beginning
                                        

ကိုထူးပိုင်က လင်းကို အံတကြိတ်ကြိတ်ဖြင့် ကျိတ်မနိုင်ခဲမရဖြစ်နေပေမယ့် ဒီကိစ္စကို ကြေအေးပေးစေချင်တာကြောင့် ဘာတစ်ခွန်းမှ မပြောနိုင်ဘဲဖြစ်နေလေသည်။

ဒေါ်လေး‌တို့နဲ့ ကျေအေးငွေ ဘယ်လောက်သတ်မှတ်ထားလဲတော့ မသိပေမယ့် ရှေ့နေရှေ့မှာတင် ထူးပိုင်ဘက်မှ လင်းလက်မေကို မနှောင့်ယှက်သ၍ အမှုကိုကျေအေးပေးမည်ဆိုတဲ့ ကတိစာချုပ်ကို နှစ်ဦးသဘောတူလက်မှတ်ထိုးလိုက်သည်။ ပြီးတာနဲ့ လင်းက ဦးလေးကိုကန်တော့လိုက်ပြီးနောက် ဒီမိသားစုနဲ့ရေစက်ဖြတ်လိုက်သည်။

တီမြိုင်နဲ့လင်းနဲ့ နှစ်ယောက် အပေါ်တက်လာပြီး လင်းပစ္စည်းတွေသိမ်းကြတော့ Luggage တစ်လုံးနဲ့ အိတ်တစ်လုံးရယ်သာ။ အပေါ်ထပ်က Luggageကို ဆွဲလာတာမြင်တော့ မိုးသောက်က အပြေးလေး လာကူပေးသည်။ ဒေါ်လေးနဲ့သူ့သားက လွဲလို့ ကျန်တဲ့မိသားစုဝင်တွေက မျက်နှာမကောင်း။ မတတ်နိုင် ဒီဘဝဒီမျှပဲပေါ့။ ညီမနှစ်ယောက်ကို ဖက်ကာ နှုတ်ဆက်ပြီး ထိုအိမ်အရိပ်ကနေထွက်လာခဲ့သည်။ လင်း ဘဝသစ်ကိုစတင်ရတော့မယ်လေ။

💕💕💕💕💕

လင်းက Luggage ကို အခန်းထောင့်နားကပ်ထားရင်း ကုတင်ပေါ်ကန့်လန့်ဖြတ်အိပ်နေတဲ့ နှောင်းဘေးမှာ ဝင်လှဲလိုက်သည်။

"ငါ့အဝတ်အစားတွေကို နည်းနည်းဘေးကပ်လိုက်ရင်
နင့်အဝတ်အစားတွေထည့်လို့ရတယ်သိလား လင်း"

"ရပါတယ် ငါဒီအတိုင်း Luggage ထဲပဲထည့်ထားပြီး ထုတ်ထုတ်ဝတ်ပါ့မယ်... အခုလို နင့်ကိုဒုက္ခတွေချည်းပဲပေးမိနေလို့ ငါတကယ်အားနာလိုက်တာဟာ"

ပက်လက်လှဲနေရာကနေ လင်းရှိရာ ဘယ်ဘက်သို့စောင်းလိုက်ပြီး

"အဲ့လိုမပြောပါနဲ့ဆို... နင်က ငါ့သူငယ်ချင်းဆိုလည်းဟုတ်တယ် ငါ့အစ်မဆိုလည်းဟုတ်တယ်... နင်အားနာစရာမလိုဘူး... ငါ့အမေသာရှိသေးရင် နင်ခုလို ငါနဲ့လာနေတာကို သူအရမ်းပျော်နေမှာ"

"အင်းဟုတ်တယ်နော်... အန်တီက ငါ့ကို ဦးလေးတို့အိမ်ကနေ ထွက်လာစေချင်တာ ဟိုးအရင်ကတည်းက... ခုတော့ အန်တီဖြစ်စေချင်သလိုဖြစ်သွားတော့ အန်တီပျော်နေမယ်ထင်တယ်နော်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now