"အင်း"
ထိုစဉ်ဒေါ်လေးတို့သားအမိက ပြန်ဝင်လာကာ
"အဆင်ပြေတယ်တဲ့ ညည်းတောင်းဆိုသလိုလုပ်ပေးမယ်"
"ကောင်းပြီလေ လင်းဘက်က သေချာတဲ့သက်သေလိုချင်တာမို့ သူ့နဲ့ရော ဒေါ်လေးနဲ့ပါ သက်သေသဘောမျိုးလက်မှတ်ထိုးချင်တယ်... ခုချက်ချင်းပဲ သူ့နဲ့သူ့ရှေ့နေကို ဒေါ်လေးအိမ်ကိုလာခိုင်းလိုက်ပါ... ပြတ်ပြတ်သားသားရှင်းကြတာပေါ့... နှောင်း ငါခုပဲဆေးရုံဆင်းချင်တယ်"
"အင်း"
စိတ်ဆုံးဖြတ်ထားတဲ့လင်းပုံစံကြောင့် နှောင်းတို့လည်း
မကျေနပ်ပေမယ့် သဘောတူလိုက်ရသည်။ ကျေးဇူးဆိုတာချည်းနဲ့ လင်းဘဝကိုဒီအရွယ်ထိ ခိုင်းစားလာကြတာ။ ခုတော့ လင်းဝဋ်ကျွတ်တော့မှာပါ။
💕💕💕💕💕
လင်းရဲ့ဦးလေးအိမ်မှာ နှောင်းတို့အပြင် လင်းရဲ့ရည်းစားဟောင်း အယုတ်တမာကလည်း သူ့ရှေ့နေနဲ့အတူရှိနေကာ သူဘာအမှားမှမလုပ်ထားသလို မျက်နှာက
တည်တင်းနေသည်။ ဒါပေမယ့် ဦးလက်ချက်ကြောင့် သူ့မျက်နှာတစ်ခုလုံးက ယောင်ကိုင်းနေပြီး မျက်လုံးတစ်ဖက်ဆို မျက်ခွံကြီးက ဖောင်းနေကာ မျက်လုံးကိုပင်ပိတ်တော့မည်။ တော်လိုက်တဲ့ဦး ဟီးဟီး။ လင်းရဲ့အဒေါ်ကတော့ စောနက ဆေးရုံခန်းမှာ လင်းကိုလာပြောတဲ့ မျက်နှာထားနဲ့ ဆန့်ကျင်ဘက် ဟိုသူတောင်းစားရှေ့ ခေါင်းတောင် မဖော်ဘဲ ရိုကျိုးစွာ ခေါင်းလေးငုံ့ထားသည်။ အံ့ဩပါ့ ကမ္ဘောဇ။
"ကျွန်မဘက်ကတောင်းဆိုတာတွေကို ဒေါ်လေးပြောပြပြီးသားဖြစ်ပေမယ့် ကျွန်မက သေချာပြန်ပြောပြပါမယ်... ဒီအမှုကို မဖွင့်ဘဲကျေအေးစေချင်ရင် ကျွန်မကို နောင်ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိတစ်ခုပေးရင်ရပါပြီ... ကျန်တာက ရှင်တို့နဲ့ဒေါ်လေးတို့ ညှိထားသလိုပေါ့... ကျွန်မက ငွေရေးကြေးရေးကို စိတ်မဝင်စားတာမို့ အဲ့ဒါကို ရှင်တို့ဒေါ်လေးနဲ့ရှင်းကြပါ"
"လင်းလက်မေ"
"ကျွန်မအတွက် ခံဝန်ကတိမရရင် ဒီအမှုကို ကျေအေး
မပေးနိုင်ပါဘူး... သက်သေတွေရော ဆေးစစ်ချက်တွေရော ကျွန်မတို့ဘက်မှာ အပြည့်အစုံရှိပြီးသား"
💕Hpa An Trip💕
Start from the beginning
