💕Hpa An Trip💕

Comenzar desde el principio
                                        

"ဟဲ့ ငါ့သမီးတွေကိုများ မဦးမချွတ်... ညည်းသာ အနေအထိုင်ဆင်ခြင်ခဲ့ရင် ဒီလောက်ထိဖြစ်မှာမဟုတ်ဘူး နားလည်လား... ၃နှစ်၃မိုးတွဲပြီး မယူဖြစ်ပဲ ကွဲကြတယ်ဆိုပြီး လူတွေရဲ့တံတွေးခွက်ထဲ ပက်လက်မျောမှာစိုး‌လို့ စေတနာနဲ့လူကြီးတစ်ယောက်အနေနဲ့ ဆုံးမပြီး ကြားဝင်ပေးနေရတာ... ညည်း မစော်ကားနဲ့"

"သူစိမ်းတွေက ချီးမွမ်း၇ရက် ကဲ့ရဲ့၇ရက်ပါ ဒေါ်လေး... မပြီးနိုင်မစီးနိုင်တာက ဒေါ်လေးပဲဖြစ်မှာပါ... လင်း ဒီလိုမျိုးအခြေအနေမျိုးရောက်အောင် တွန်းပို့ခဲ့တာ ဒေါ်လေးပဲဆိုတာ မမေ့ပါနဲ့... ပြောပါဦး သူက ကြေအေးပေးရင် ဒေါ်လေးကို လျော်ကြေးဘယ်လောက်ပေးမယ်တဲ့လဲ"

"တောင်းသလောက်ပေးမယ်တဲ့"

"ဟုတ်ပြီလေ... အဲ့ဒါဆို ဒေါ်လေးပဲ ရွေးချယ်ပါ...
သူ့ဆီက လင်းကို ဘယ်တော့မှမနှောင့်ယှက်တော့ပါဘူးဆိုတဲ့ကတိနဲ့ လျော်ကြေးကို ဒေါ်လေးရမယ်ဆို လင်းဘဝကို ကျေးဇူးတရားဆိုတဲ့လောင်းရိပ်အောက်ကနေ ထွက်ခွင့်ပေးပါ"

"ဘာပြောတယ်"

"သူ့ဆီက လျော်ကြေးကို ဒေါ်လေးယူရင် လင်း အိမ်ပေါ်ကဆင်းပြီး ဒေါ်လေးတို့သန်းခေါင်စာရင်းကနေထွက်မယ်... လင်းက ဒေါ် လေးတို့နဲ့မသက်ဆိုင်တော့ဘူး... သဘောတူတယ်ဆို ဒေါ်လေးကြိုက်တာလုပ်"

"............"

ဒေါ်လေးက ခဏတာစဉ်းစား‌တွေဝေနေပြီး

"ငါ မောင်ထူးပိုင်ရဲ့ရှေ့နေနဲ့ ဖုန်းပြောလိုက်ဦးမယ်... ခဏနေပြန်လာခဲ့မယ်"

အံဩပါ့။ ဟိုလူယုတ်မာနဲ့တောင် ညှိဦးမှာတဲ့လေ။ ဟွန့် ။ ဒေါ်လေးတို့သားအမိထွက်သွားတော့ နှောင်းတို့က အခန်းထဲပြန်ဝင်လာပြီး

"လင်း"

"ငါ အားလုံးကိုတောင်းပန်ပါတယ်ဟာ... ခုလည်း ငါ့ကြောင့် နင်တို့အဲ့လူယုတ်မာကို တရားမစွဲဖြစ်တော့ဘူးထင်တယ်"

"........."

"ငါသူတို့နဲ့ ဆက်မပတ်သက်ချင်တော့ဘူး... ငါဘဝသစ်စချင်တယ်... ငါလောဘကြီးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဟာ"

"ရတယ် လင်း... နင်အဆင်ပြေရင် ငါတို့လည်းအဆင်ပြေတယ်... တစ်ခုပဲ နင့်အဒေါ်‌ဆီက လက်မှတ်ရအောင်ယူထား... အဲ့အဖွားကြီးက ကလိမ်ကကျစ်ကျဦးမယ်... ဟိုအကောင့်ဆီကရော ခံဝန်ချက်တစ်ခုခုယူထားရမယ်"

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora