💕Hpa An Trip💕

Start from the beginning
                                        

"လူကြီးဆိုတာ သင်ယူလေ့လာစရာတွေရှိမှ လူကြီးလို့ခေါ်ထိုက်တာ အဲ့ဒါတွေ အန်တီ့မှာရှိလို့လား"

"တောက် မိုက်ရိုင်းလိုက်တာ"

"အန်တီကမှ..."

"နှောင်းတော်တော့"

ဦးက နှောင်းနောက်နားမှာ မတ်တပ်ရပ်ရင်း နှောင်းကို ဆက်မပြောဖို့လှမ်းတားသည်။ နှောင်းကြည့်လိုက်တော့ တီမြိုင်တို့ကပါ ဆက်မပြောဖို့ ခေါင်းခါပြနေတာမို့ နှောင်းစိတ်လျော့ကာ ဝှီးချဲပြန်လှည့်ဖို့လုပ်တော့ ဦးက တွန်းပေးလေသည်။

"ငါ့တူမနဲ့ ငါတို့မိသားစုဝင် သုံးယောက်ပဲ စကားပြောချင်တယ်... မဆိုင်တဲ့သူတွေ အပြင်ထွက်ပေးကြ"

မျက်နှာထားက တည်တင်းကာပြောနေတာကြောင့် နှောင်းအမြင်ကပ်ကာ နှာခေါင်းရှုံ့လိုက်သည်။ လင်းက နှောင်းတို့အားလုံးကို ခေါင်းညိမ့်ပြတာမို့ နှောင်းတို့လည်း အခန်းပြင်ကိုထွက်လာရသည်။

"တောက် အဖွားကြီး သက်သက်လူပါးဝတာ"

နှောင်းက မိန်းကလေးမို့ ပါးစပ်က ပွစိပွစိပြောနေပေမယ့် ဦးကတော့ ဘာမှမပြောဘဲ လက်သီးကိုကျစ်နေအောင်ဆုပ်ထားသည်။ တီမြိုင်တို့ကတော့ မျက်နှာတွေက
မကောင်းလှ။

💕💕💕💕💕💕

အခန်းထဲဝယ်

"လင်း... ညည်းရဲ့အုပ်ထိန်းသူတစ်ယောက်အနေနဲ့
ငါတော့ အမှုတွေဘာတွေ မဖွင့်စေချင်ဘူးအေ...
နောက်လည်း ညည်းတို့တွေက လက်ထပ်ကြမှာပဲ... မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်"

"ဒေါ်လေး... လင်း သူနဲ့လမ်းခွဲပြီးသားပါ... လက်ထပ်ဖို့ဆိုတာခေါင်းထဲမှာကို မရှိဘူး"

"ဟဲ့ ဖြစ်မလားအေ့... ညည်းတို့က......တယ်အေ ငါပြောလိုက်ရမကောင်းရှိတော့မယ်... ဟိုက လက်ထပ်ပါမယ်လို့ပြောနေတာကို ညည်းက ငြင်းနေရအောင် ညည်းကမိန်းကလေးအေ့... ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်တာ ဆူးပေါ်ဖက်ကျလဲ ဖက်ပဲပေါက်တာ... နားလည်လား... မောင်ထူးပိုင်နဲ့လက်ထပ်ပြီးရင်
ကိုယ်ကထိန်းပေါ့အေ... ညည်းကောင်းစားဖို့ပြောနေတာပါအေ"

"ဟွန့် လင်းကောင်းစားဖို့လား... ဒေါ်လေးတို့ ကောင်းစားဖို့လား... လင်းနေရာမှာ ဒေါ်လေးသမီးတွေထဲက တစ်ယောက်ယောက်သာဆို ဒေါ်လေးဒီစကားပြောပါ့မလား ဟင် ဒေါ်လေး"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now