💕Hpa An Trip💕

Depuis le début
                                        

"အေးအေး ကောင်းတယ် ကောင်းတယ်... ဘယ်တော့ ဆေးရုံဆင်းရမှာလဲ"

"ဒီနေ့လည်ပါဒေါ်လေး... ဘာလို့လိုက်လာရတာလဲ ပင်ပန်းတာပေါ့"

"ရပါတယ်အေ... ညည်းကိုလည်း ပြောစရာရှိသေးလို့"

လင်းရဲ့ဒေါ်လေးက လင်းကိုပြောရင်း အခန်းထဲက နှောင်းတို့ကိုပါ မျက်လုံးဝေ့ကြည့်လာရင်း

"မောင်ထူးပိုင်ကို အမှုဖွင့်ဖို့လုပ်နေတယ်ဆို"

"ဟုတ်တယ်ဒေါ်လေး... ဘာလို့မေးတာလဲဟင်"

"အိုအေ... ညည်းလည်း ခုဘာမှကြီးကြီးမားမား
ထိခိုက်သွားတာမရှိပဲ... အမှုတွေဘာတွေ ဖွင့်မနေပါနဲ့အေ... မောင်ထူးပိုင်ဘက်က လျော်ကြေးပေးပါ့မယ် အမှုတွေမဖွင့်ပါနဲ့တဲ့"

"ရှင်!!!"

"ဘာ!!!!!"

ရှင်ဆိုတဲ့အသံက လင်းအသံဖြစ်ပြီး ဘာဆိုတာကတော့ နှောင်းအသံပါ။ တစ်ခန်းလုံးအသံတွေ တိတ်ဆိတ်သွားသလို လင်းကလည်း အံ့ဩမှုဖြင့် နှုတ်ခမ်းတွေသာ
တဆက်ဆက်တုန်နေသည်။ နှောင်းကတော့ ဝှီးချဲဘီးကို လက်နဲ့ကိုယ်တိုင်တွန်းကာ လင်းဒေါ်လေးနား ဘီးလှိမ့်သွားလိုက်ရင်း

"အန်တီ ဘယ်လိုစိတ်နဲ့များ ဒီလိုစကားမျိုးပြောထွက်ရတာလဲ... အခုက အဲ့ကောင်က အလိုမတူဘဲ လင်းကို ကားတင်ပြေးတာ... ကားတင်ပြေးရုံတင်မကဘူး
ကိုယ်ထိလက်ရောက်ကျူးလွန်ထားတာ ပြစ်မှုကျူးလွန်ထားတာလေ... ဘယ်လိုနည်းနဲ့မှ ‌ဒီအတိုင်းကြေအေး
မပေးနိုင်ဘူး"

"ဟဲ့ ခံရတာ ငါ့တူမပါဟဲ့... ညည်းက ဘာကိစ္စဝင်ပြောနေရတာလဲ... ကာယကံရှင်တောင် ဘာမှမပြောတာ"

"အန်တီ့တူမက နှောင်းတို့သူငယ်ချင်းဖြစ်နေလို့ ဝင်ပြောတာလေ... ကာယကံရှင်က ဘယ်ပြောမလဲ ကျေးဇူးတရားဆိုတာချည်းနဲ့ပဲ ကိုင်ပေါက်နေကြတာလေ"

နှောင်းပြောတာကို နားထောင်ပြီး လင်းအဒေါ်က မျက်နှာတွေရဲတက်လာကာ နှာတရှူးရှူးမှုတ်နေပြီး ‌နှောင်းကိုလက်ညှိုးထိုးကာ

"ညည်း ညည်း... လူကြီးကို ဘယ်လိုပြန်ပြောနေတာလဲ ရိုင်းလိုက်တာ"

💕 Feeling of Love 💕 (Unicode Ver)Où les histoires vivent. Découvrez maintenant